အချစ်​ဆိုတာဘာလဲ
ကိုယ်​တကယ်​ကိုနားမလည်​တာပါ
လူတစ်​ယောက်​ကိုဘယ်​လိုချစ်​ရလဲဆိုတာကို
တကယ်​သဘောမပေါက်​ဘူး
ရည်းစားလား
ရည်းစားဆိုတာကိုဇီးပြားလောက်​တောင်
စိတ်​မဝင်​စားဖူးဘူး အာ့ကြောင့်
တစ်​ကြိမ်​တစ်​ခါမှလည်းရည်းစားမထားခဲ့ဖူးဘူး
ကိုယ်​နဲ့ခင်​မင်​တဲ့သူတွေ ပြီးတော့မိသားစု
သူတို့တွေကို * ချစ်​တယ်​ *
သူတို့ပျော်​ရင်​ကိုယ်​ပျော်​တယ်​ သူတို့နာကျင်​နေရင်​ကိုယ်​လည်းနာကျင်​ရတယ်
သူတို့ဝမ်းနည်းမျက်​ရည်​ကျရင်
ကိုယ်​လည်းမျက်​ရည်​ကျတယ်
ရည်းစားထားတာကိုအယုံအကြည်​မရှိဘူး
ဂင်​ချီစားလိုက်
သင်္ဘောသီးသုတ်​စားလိုက်
ပေါက်​စီစားလိုက်​နဲ့
ခုတော့ပေါက်​စီစားပြီး အစာမကျေပဲရင်​ပြည့်​နေပြီ
အန်​လို့လည်းမရ မျိုချလို့လည်းမကျနဲ့
တကယ်​ပါ
ကောကောကယ်​မှရတော့မယ့်​ဘဝဖြစ်​နေပြီ
ဝတ်​လည်​တာပြဲဖစ်​မယ်
ချစ်​ပါတယ်​တဖွဖွပြောတဲ့လူကို
ပြစ်​ခါပီးမသိချင်​ယောင်​ဆောင်​နေခဲ့တာခုတော့
ကိုယ်​တိုင်​ခံစားဖူးခဲ့ပြီလေ နာကျင်နေလားမေးရင်
ကိုယ်​မဖြေတတ်​ဘူး သူ့ပုံလေးကြည့်​ပီး
ရီနေရင်​ကိုယ်​လိုက်​ရီတယ်
မဲ့နေရင်​ ကိုယ်​ဝမ်းနည်းတယ်
သူမျက်​ရည်​ဝဲနေရင်
ကိုယ့်​မျက်​ဝန်းကရေတံခွံကိုဖြစ်​လို့
ဒါတွေဟာသူ့ကိုချစ်​လို့လားလို့မေးရင်
ကိုယ်​မသိဘူး
သူ့ကိုပိုင်​ဆိုင်​ချင်​လားမေးရင်​ကိုယ်​မသိဘူး
သူ့အနားနေချင်​လားမေးရင်​တော့
ကိုယ်​သိတယ်​ နေချင်​တာပေါ့
ဒါပေမဲ့
အနီးနားမှာကော်​နဲ့ကပ်​ထာသလိုမဟုတ်​ဘူးနော်
သူ့ကိုမြင်​နေရတဲ့ အကွားအဝေးလေးကနေ
အာ့ဆိုလုံလောက်​ပြီ
ဒါတွေဟာချစ်​လို့ဖြစ်​တည်​လာရတာပါဆိုရင်​တော့
ကိုယ်​ဝန်​ခံပါတယ်
သူ့ကိုကိုယ်​ချစ်​မိသွားတာဖြစ်​နိုင်​တယ်
ဘာသာမတူပေမဲ့လည်းပေါ့ ချစ်​လို့ရတယ်​ဟုတ်​စ
ကိုယ်​ကတော့ဘာသာမတူလည်း
ချစ်​လို့ရတယ်​လို့ထင်​တာပဲလေနော်
ဘယ်​သူသိတာမှတ်​လို့ ကိုယ်​ပဲသိတာလေ
အသက်​ ၂၇ နှစ်​ပြည့်​ပီးမှ
သူစိမ်းယောက်ျားလေးတစ်​ယောက်​ကို
ရူးလောက်​အောင်​ချစ်​ဖူးသွားတာ
ရီချင်​တဲ့လူတွေလည်း ရှိမှာပဲ
ကိုယ်​တိုင်​လည်းတွေးတွေးပြီးရီမိတယ်
စကားကြီးစကားကျယ်​ပြောခဲ့တဲ့
အတိတ်​ကအချိန်​တွေကိုသတိရလို့
တကယ်​ပါနောက်​တစ်​ယောက်​ကိုချစ်​မိဖို့ဆိုတာ
ကိုယ်​မထင်​ဘူး မဖြစ်​နိုင်​ဘူးလို့တော့
ယတိပြတ်​မပြောနိုင်​ပေမဲ့လည်းပေါ့
😘ဘဝမှာရူးခါနေအောင်​ချစ်​တာဆို့လို့
ကောတစ်​ယောက်​ပဲရှိဖူးတာပါ💗
First love
တမာချို
  • JoinedAugust 3, 2019




1 Reading List