tulipthin_23
ကိုယ်အရင်ဆုံးပြောချင်တာက ကိုယ့်ရဲ့စာဖတ်သူအားလုံးကိုတောင်းပန်ပါရစေ.....
ဘာကြောင့်ဆို ကိုယ်ဟာတာဝန်ပျက်ကွက်ပြီး စာဖတ်သူတွေကို လျစ်လျူရှုခဲ့မိတာကြောင့်ပါ....
ဒါပေမယ့် မင်းတို့လေးတွေက ကိုယ့်ကိုFollowပေးတယ်၊ ကိုယ့်ရေးသားထားတာတွေကို ဖတ်ရှူပေးတယ်၊ မှတ်ချက်ပေးကြတယ်၊ မင်းတို့တွေက တာဝန်မပျက်ကွက်ဘဲ လုပ်ဆောင်ပေးခဲ့ကြတယ်...
ဒါပေမယ့် ကိုယ်ကတော့ အပိုင်းသစ်တွေမတင်ဘူး၊ ပျောက်ချက်သားကောင်းနေခဲ့တယ်....
ကိုယ်မညာတမ်းဝန်ခံရရင် အပိုင်းသစ်အတွက် ကိုယ်plotစဉ်းစားမရခဲ့ဘူး....
စဉ်းစားလို့ရတဲ့ဟာကို ကိုယ်ရေးသားခဲ့တယ်...
သို့ပေမယ့် အရေးအသားက ကိုယ်ဖတ်ရှုရသလောက် ပေါ့ပျက်ပျက်နိုင်လွန်းနေတယ်...
ဒါကြောင့် ရေးထားတာကို ကိုယ်ရပ်လိုက်တယ်...
ကိုယ်အပိုင်းသစ်မတင်တာ တော်တော်ကြာခဲ့ပါပြီ....
ဖတ်ဖူးတဲ့လူရှိမလားမသိပေမယ့် ကိုယ်မပြီးသေးဘဲ ရေးလက်စficနှစ်ပုဒ်ကို တစ်ခါထဲ တင်ခဲ့တာမျိုးရှိခဲ့ဖူးတယ်....
တစ်ပုဒ်ကို ဆက်မတင်တော့ဘဲနဲ့ ကိုယ်unလိုက်တယ် ဖတ်ဖူးတဲ့လူရှိရင်တောင် ကိုယ်ပြောတဲ့ficကိုမေ့နေလောက်ပြီထင်တယ်.....
ကိုယ်အပိုင်းသစ်အတွက် ဘယ်လိုမှစဉ်းစားမရခဲ့ဘူး....
ဟိုနေ့က တင်ထားတဲ့ficကို ပြန်လေ့လာသုံးသပ်ရင်းနဲ့ ကိုယ်အမှတ်တရတစ်ခုကို ပြန်မြင်ယောင်လိုက်မိတယ်....
ဘာများလဲဆိုရင် ကိုယ်'Do You Love Me' ficရေးသားနေတဲ့အချိန်တွေတုန်းက ကိုယ်အမှန်တစ်ကယ်ပျော်ရွှင်ခဲ့ရတယ်...
အပိုင်းသစ်တင်ဖို့ စောင့်နေတဲ့လူတွေကိုဘဲ မြင်ခဲ့ရတယ်၊ feedback ကောင်းကောင်းတွေလဲ ကိုယ်ရရှိခဲ့တယ်..
ကိုယ်အဲ့တုန်းကဆို အရမ်းပျော်ခဲ့ရတယ်၊ အဲ့အရာတွေကြောင့် ကိုယ်ကိုအားလဲဖြစ်စေခဲ့တယ်....
ဟိုနေ့က Notiတက်လာလို့ ကြည့်လိုက်မိတော့ 'မောင်နှင့်အတူ'ဆိုတာလေးကို commentလေးပေးထားတာကိုမြင်တော့ ကိုယ့်ကိုကိုယ်မလုံမလဲခံစားလိုက်ရတယ်....
ငါ့တာဝန်ကို မေ့လျော့နေမိတာဘဲဆိုပြီး စိတ်မချမ်းမသာခံစားလိုက်ရတယ်...
ဒီခံစားချက်က ကိုယ်လိမ်ပြီး ပြောတာမဟုတ်ရိုးအမှန်ပါနော်၊ မင်းတို့လေးတွေမယုံရင်လဲ ကိုယ်အပြစ်မဆိုပါဘူး....
ကိုယ်စဉ်းစားလိုက်မိတယ် *ငါအရင်လိုပြန်တင်မယ်*ဆိုပြီးတော့ပေါ့...
ကိုယ်အပိုင်းသစ်တင်ရင်ရော မင်းတို့လေးတွေက အားပေးကြအုံးမယ်လို့ ကိုယ်ယူဆပါတယ်....
နောက်ဆုံးအနေနဲ့ ကိုယ်မင်းတို့အပေါ်တာဝန်မကျေခဲ့တာအတွက် တောင်းပန်ပါတယ်နော်၊ ကိုယ့်ကို ခွင့်လွှတ်ပေးကြပါလို့ ကိုယ်တောင်းဆိုပါရစေ....