မင်္ဂလာပါရှင့်။ Update မပါဘဲ လက်ဗလာနဲ့ ပြန်ရောက်လာတာ အားနာရပေမဲ့ ကြေညာစရာလေး ရှိလို့ပါရှင့်။ (ᵕ—ᴗ—)
apricity365 nim နဲ့ Li_Wi_0611 nim တို့ ပေါင်းလုပ်တဲ့ Our Dearest Silversoul ဆိုတဲ့ project ကို လူကြီးမင်းတို့ထဲက အချို့လည်း သိကြပြီးဖြစ်လောက်မှာပါရယ်။ မသိသေးရင်တော့ အိုင်အပြင် တခြား top author nim တွေလည်း အများကြီး ပါတာမို့ စိတ်၀င်စားရင် 11:06 o’clock of Apricity : The Echoes Of Warmth ဆိုတဲ့ page ကလေးမှာ သွားကြည့်ကြည့်လို့ ရပါတယ်ရှင့်။ သူက ပဆဟူးရဲ့ မွေးနေ့အတွက် လုပ်ဖြစ်တဲ့ project ကလေး ဖြစ်ပြီး ရသမျှ ရောင်းရငွေအကုန်ကလည်း ဒီကာလထဲက လိုအပ်သူတွေဆီ စီးဆင်းသွားမှာပါ။ ဈေးလေးက ၅၀၀၀ ကျပ် မှ စပြီး ကိုယ်သဒ္ဓါပိုသလောက် ပိုပေးလို့ရပြီး fiction တွေကလည်း အများကြီးမို့ အိုင့်အမြင်မှာတော့ ရမ်းးးးတန်တဲ့ အခွင့်အရေးလေးပါနော်။ (´▽`ʃƪ)♡
အိုင်ကိုင်ထားတဲ့ otp တွေက စစက JayHoon , NikHoon ပဲ ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် JayHoon နောက်ထပ်တစ်ပုဒ်နဲ့ JakeHoon (အစစ်) နောက်ထပ်တစ်ပုဒ်ပါ ထပ်တိုးသွားပါတယ်။ ဒါပေမဲ့လည်း အားနာနာနဲ့ ပြောရရင် လောလောဆယ်မှာတော့ NikHoon လေးနဲ့ JakeHoon လေးပဲ ဖတ်လို့ရဦးမှာပါရယ်။ JayHoon နှစ်ပုဒ်မှာ တစ်ပုဒ်ကတော့ ရေးလက်စ ဖြစ်ပြီး တစ်ပုဒ်က last minute မှ ရေးရင်း စိတ်ထဲ မတင်မကျဖြစ်လာတာမို့ အငွေ့အသက်ကအစ အရေးအသားအဆုံး အကုန်ပြန်ပြင်မယ် ဆိုပြီး ချန်ထားခဲ့လိုက်တာပါရယ်။ အဲ့တာကြောင့် ၀ယ်ပြီးမှ မတွေ့လို့ ရှုပ်ထွေးနေမဲ့ လူတွေကိုလည်း တောင်းပန်ချင်ပြီး အဲဒီ နှစ်ပုဒ်အတွက် ခဏလောက် စောင့်ပေးကြဖို့ မျက်နှာပူပူနဲ့ပဲ မေတ္တာရပ်ခံရပါတယ်ရှင်။ အချိန်ယူခဲ့သလောက် အကောင်းဆုံး ကြိုးစားပြီး လူကြီးမင်းတို့ လက်ထဲ အမြန်ဆုံး ပို့ဆောင်ပေးသွားပါ့မယ်။ လိုအပ်ချက်တွေ ရှိခဲ့ရင်လည်း ပထမဆုံး ပါ၀င်ဖြစ်တဲ့ project ကလေးမို့ နားလည်စိတ်ကလေးနဲ့ ဖြည့်ကြည့်ပေးကြပါဦးရှင်။ /ᐠ - ˕ -マ
https://ngl.link/muramurakiramura ˚₊·— ͟͞͞♡
လောလောဆယ် ဒါကတော့ အိုင့်ရဲ့ ngl link အသစ်ကလေးပါ။ project အကြောင်း မေးစရာ ဒါမှမဟုတ် တခြားသော အကြောင်းအရာတွေလည်း လာပြောလို့ရပြီး project က fiction လေးတွေ ဖတ်ပြီးရင်လည်း စကား လာပြောလို့ရပါတယ်။ အတူတူ yapping လုပ်ကြတာပေါ့။ love you all! (˵ • ᴗ - ˵ ) ✧