vera_ri

လွန်ခဲ့တဲ့နှစ်သုံးဆယ်ဟာ ကိုယ်လက်လှမ်းမမှီလွန်းတဲ့ ကာလပါပဲ။ မင်းဖြတ်သန်းလာခဲ့တဲ့ အချိန်ကာလ နှစ်ပေါင်းသုံးဆယ်မှာ မင်းကိုသိခဲ့တာ သုံးနှစ်၊ ချစ်မိခဲ့တာ သုံးနှစ်။ မင်းရှင်သန်ခဲ့တဲ့ အချိန်ကာလ ဆယ်ပုံတစ်ပုံအတွင်းမှာ မင်းအပေါ် မေတ္တာကြိုးတွေနဲ့ တစ်ဖက်သတ်လိုလိုလားလား ချည်နှောင်မိခဲ့ပါတယ်။ ဒီကြိုးလေးဟာ မိုင်ပေါင်းထောင်ချီထိ လှမ်းလို့ချည်ခဲ့ရပေမယ့် သိပ်ကိုမြဲမြံခဲ့ပါတယ်။ မင်းမသိအောင် ချည်နှောင်ခဲ့ပေမယ့် ကြိုးငယ်လေးရဲ့ အစွန်းကနှလုံးသားတစ်ခုလုံးဟာတော့ ဆန္ဒရှိရင် ဘဝအဆက်ဆက်ယူသွားနိုင်တဲ့ မင်းရဲ့အပိုင်ပါပဲ။ နောက်ကျမှ သိခွင့်ရတဲ့နောင်တထက် ချစ်ခွင့်ရခဲ့တဲ့နှလုံးသားကို ပိုက်လို့ ကျေးဇူးတင်ရပါတယ်။ ချစ်ခြင်းတရားတွေဟာ ပမာဏမတူသည်ဖြစ်စေ၊ ဦးတည်ရာမတူသည်ဖြစ်စေ အစ်ကိုဖြစ်နေတဲ့အတွက် ချစ်ဖို့ကိုပဲ ရွေးချယ်နေမိဦးမှာပဲ။ ဝေးကွာလွန်းလို့ မေတ္တာတွေ ရောင်ပြန်မဟပ်နိုင်ရင်တောင် ကိုယ့်မေတ္တာတွေတော့ မင်းဆီဘေးမသီရန်မခရောက်နိုင်ပါစေ။ ကိုယ့်မေတ္တာတွေ ခြုံလို့ လုံပါစေ ကိုယ့်ရဲ့ သက်ရှိချစ်ခြင်းတရားလေးရေ ... ။