veronicalann
Happy new year 
          	အစစအရာရာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ကြပါစေနော်
veronicalann
Happy new year 
          အစစအရာရာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ကြပါစေနော်
veronicalann
@Leaf1212 အိုး...မတွေ့တာ အရမ်းအရမ်းကြာသွားတာတောင် သူ မှတ်မှတ်ရရနဲ့ လာဆုတောင်းပေးသွားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်။(⁠。⁠♡⁠‿⁠♡⁠。⁠)
veronicalann
ဒါကတော့ FDFH/ 'ဖန်ဟွားရဲ့ပြယ်လွင့်အိပ်မက်' (Falling dreams of Fang Hua- 梦落芳华)ကိုဖတ်ရှုခဲ့ဖူးတဲ့စာဖတ်သူလေးတွေကိုရည်ညွှန်းတောင်းပန်ချင်တာလေးပါ။
          အမှန်အတိုင်း အရိုးသားဆုံးဝန်ခံရရင် ဒီဝတ္ထုလေးက ဟေးရာ မတင်ဆက်ခင်ကနေ အစအဆုံး အကြမ်းဘာသာပြန်ပြီးသားပါ။ အခုထိဆို သုံးနှစ်တောင်ကြာသွားပါပြီ။ စတင်ဆက်တုန်းကတော့ အကုန်တစ်ခါတည်းတင်ဆက်ပေးဖို့ရာတွေးထားပေမဲ့ အကြောင်းကိစ္စလေးတွေကြောင့် မတင်ဆက်ဖြစ်ခဲ့သလို ကြားထဲမှာလည်း ဟေးရာရဲ့ကျန်းမာရေးကြောင့် အရာရာကြန့်ကြာသွားရပါတယ်။ အဲဒီအတွက် FDFH ကိုအတူဖတ်ပေးခဲ့တဲ့ စာဖတ်သူလေးတွေကို ဟေးရာတကယ်တောင်းပန်‌ပါတယ်။
          လက်ရှိ‌မှာတော့ ဟေးရာဘာသာပြန်နိုင်စွမ်းမရှိသေးပါဘူး။ ဒါကိုလည်း တစ်ဝက်တစ်ပျက်မထားခဲ့ချင်တာကြောင့် နဂိုအစအဆုံးပြန်ပြီးတာကိုပဲ ပြီးသွားအောင် ပြန်တင်ဆက်ပေးသွားချင်ပါတယ်။ ဒါပေမဲ့ စိတ်သွားတိုင်းကိုယ်မပါနိုင်သေးတာကြောင့် အကုန်တစ်ခါတည်းတော့ မတင်ဆက်ပေးနိုင်သေးပါဘူး။
          ဟီး၊ ဘယ်လိုဖြစ်ဖြစ် ဖတ်ဖူးတဲ့သူတွေလည်း မေ့နေလောက်ပြီဖြစ်တာကြောင့် တကယ့်ကို ဖြည်းဖြည်းနဲ့ ပေါ့ပေါ့ပါးပါးပဲသွားနိုင်ဦးမှာပါ။ 
          စာဖတ်သူလေးတွေလည်း နေကောင်းကျန်းမာအောင် ဂရုစိုက်နေကြရမယ်နော်။ နေ့ရက်တိုင်း စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပြီး အေးချမ်းပျော်ရွှင်ပါစေလို့ ဟေးရာဆုတောင်းပေးပါတယ်။
Leaf1212
@veronicalann ထပ်တူ ကျန်းမာပျော်ရွှင်ပါစေ
Reply
veronicalann
မင်္ဂလာပါ။
          ဒါက Author - My Treasure for you(အစ်မဩမြတ်မေကို)ရဲ့ဘာသာပြန်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ 'ခင်ပွန်းသည်ကိုကိုလူကြမ်းကြီး' [The Husband was the Long Aotian- 为夫曾是龙傲天] ကိုဖတ်ရှုခဲ့ဖူးကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို ဟေးရာ အထူးရည်ညွှန်းတောင်းပန်ချင်တာလေးပါ။
          ဟေးရာကို ဘယ်သူမှမသိပေမဲ့ ကိုယ်တိုင်သိနေတဲ့အတွက်ကြောင့် ဒီလိုမတောင်းပန်ရရင် စိတ်ထဲမကောင်းဖြစ်ရလို့ပါ။
          ဒီဝတ္ထုလေးကို အစ်မဆီ ဟေးရာအလုပ်ဝင်ခဲ့တုန်းက (အပိုင်း-၂၂)ကစပြီးပြန်ခဲ့တာ (အပိုင်း-၅၁)မှာ ဟေးရာရဲ့ကျန်းမာရေးကြောင့် ဘာမှမလုပ်နိုင်ဖြစ်ခဲ့ပါတယ်။ ခဏနဲ့နေပြန်ကောင်းလာမယ်ထင်ပြီး အစ်မကိုတောင် ဘာမှမပြောခဲ့မိပါဘူး။ 
          ဒီကြားထဲအမြဲပြောချင်ခဲ့ပေမဲ့ လတ်တလောမှသာ အစ်မကိုသေချာအကျိုးအကြောင်းပြောပြနိုင်ခဲ့တာပါ။ မပြောမဆိုပျောက်သွားမိတာအတွက် အစ်မကိုရော အစ်မရဲ့စာဖတ်သူလေးတွေကိုပါ ဟေးရာဒီကနေထပ်ပြီး ကိုယ်စိတ်နှလုံးအရင်းခံတောင်းပန်ပါတယ်လို့ပြောချင်ပါတယ်။
          အစ်မက ဟေးရာကိုတစ်ခါမှဆူဖူးတာမရှိဘဲ အားပေးခဲ့တဲ့သူပါ။ အစ်မစာဆက်မရေးဖြစ်တော့ဘူးပြောလာတော့ ပိုဝမ်းနည်းရပါတယ်။ ဟေးရာကလည်း လက်ရှိရေးနိုင်စွမ်းမရှိသေးပါဘူး။ နောက် ပြန်ရေးနိုင်မလားမသိပေမဲ့ ရေးနိုင်ခဲ့ချိန်အထိ တခြားဘယ်သူမှတင်ဆက်သူမရှိသေးဘူးဆိုရင်တော့ အစ်မရဲ့ဦးဆောင်မှုကနေပဲ ဟေးရာကြိုးစားသွားပေးချင်ပါတယ်။ အချိန်တော့ကြာဦးမယ်ဆိုပေမဲ့ တစ်ဝက်တစ်ပျက်မထားခဲ့ချင်ဘဲ အဆုံးထိသွားပေးချင်တာက ဟေးရာရဲ့တကယ့်စိတ်ရင်းအမှန်ပါ။ ပြီးတော့ ကျန်ရှင်းကျီးနဲ့ချင်ဝမ်ဝမ်လေးကိုလည်း ဟေးရာတကယ်အများကြီးလွမ်းပါတယ်။
          လေးစားအားနာရတဲ့ 'ခင်ပွန်းသည်ကိုကိုလူကြမ်းကြီး' စာဖတ်သူလေးတွေလည်း ဘေးဘယာဝေးကွာပြီး နေမကောင်းမဖြစ်ကြဘဲ ကျန်းမာပျော်ရွှင်အေးချမ်းပါစေလို့ ဟေးရာဆန္ဒပြုပါတယ်။
YeeLwin7
ဖန်ဟွားလေးတင်ပေးပါအုံးမင်မင်ရေ
veronicalann
@YeeLwin7 ဖြည်းဖြည်းပြန်သွားပေးမယ်နော်။ အရမ်းကြာသွားရတဲ့အတွက်လည်း အားနာမိပါတယ်။
Reply
Jone2100008
စာမတင်တာကြာပြီနော် အလုပ်တွေအရမ်းရှုပ်နေလား
veronicalann
@Jone2100008 ဟီး၊ ကုပ်ကုပ်ရှုပ်ရှုပ် ပက်ကျိလေးဖြစ်နေလို့ပါ။ စာတွေက လကုန်ပိုင်းလောက် လာခဲ့မယ်နော့။ သူ စာတွေကို ဒီလိုသတိ‌ရပေးတာနဲ့တင် အားကြီးပျော်နေပါပြီ။*⁠\⁠0⁠/⁠*♥️
Reply
veronicalann
@Jone2100008 တန်ဖိုးရှိတဲ့ဆု‌လေး ပြည့်ပါရစေ‌။ သူ အမြဲ လိုက်လာပေးခဲ့တဲ့ နွေးနွေးထွေးထွေး အမှတ်တရတွေအတွက်လည်း ကျွန်တော်က ကျေးဇူးတင်ရပါတယ်။ ချစ်ရတဲ့ ကျွန်တော့် စာဖတ်သူလေးလည်း နေ့ရက်တိုင်း အများကြီး အများကြီး ကျန်းမာပျော်ရွှင် အေးချမ်းပါစေနော်။(⁠。⁠♡⁠‿⁠♡⁠。⁠)
veronicalann
Be a great happy new year.  
          Wish the best of luck in 2024!♥️
          ဒီတစ်နှစ်တာအတွင်းမှာ ကျွန်တော့်ရဲ့စာတွေကို ဖတ်ကြည့်ပေးသွားတဲ့ စာဖတ်သူလေးတွေ တစ်ယောက်စီတိုင်းကို စိတ်ရင်းနဲ့ ကျေးဇူးအများကြီးတင်ပါတယ်။ လိုအပ်ချက်များတဲ့ ကျွန်တော့်ကို Follow လုပ်ပေးသွားတဲ့သူလေးတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒီစာလေးမြင်မိတဲ့သူတိုင်း အစစအရာရာ ကံကောင်းမှုတွေနဲ့ အေးချမ်းပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေနော့။♥️
OneDayICDW6
@veronicalann ဖန်းဟွား update 
Reply
Jone2100008
@veronicalann မငြိုမငြင်ပဲ စိတ်ရှည်ရှည်နဲ့ ဘာသာပြန်ပေးနေတဲ့ ချစ်သောစာရေးသူလေးရေ ပျော်ရွင်စရာနှစ်သစ်လေးဖြစ်ပါစေ...နော် ကျန်းမာပျော်ရွှင် လိုအင်ပြည့်စုံတဲ့ နေ့ရက်တိုင်းပိုင်ဆိုင်နိုင်ပါစေ
Reply
YeeMonCho442
ဖန်ဟွားကupdate ကဘယ်နေ့တွေလဲရှင့် 
veronicalann
@YeeMonCho442 နေ့တိုင်းပုံမှန် up ပေးမယ်‌နော်...အပိုင်းရှည်ဆို တစ်ရက် နှစ်ရက်ခြားစီလာတင်ပေးမယ်နော်...ဟီး  မျှော်နေပေးတဲ့အတွက် သူလေးကို ကျေးဇူးအများကြီးတင်ပါတယ်‌♥️(⁠。⁠♡⁠‿⁠♡⁠。⁠)♥️
Reply