yaycharr
ပြောရမှာ တကယ်ကိုအားနာပေမယ့် ကိုယ် တကယ်ကိုမတတ်နိုင်လွန်းလို့ အခုလို ဆုံးဖြတ်လိုက်ရတာပါ။ ကိုယ့်မှာ အလုပ်တွေပိပြီး စိတ်တွေတအားလေးလံနေတာမို့ အညိုလေးကို Unpublish ပြန်လုပ်ထားလိုက်ပါပြီ။ နောက်ဆုံးတင်ထားတဲ့အပိုင်းကိုလည်း ဖတ်တဲ့သူက မရှိသေးတော့ လုပ်လို့ရမယ်လို့တွေးမိလို့ပါ။ ကိုယ်က တခြားရေးလက်စတွေနဲ့ မဖြစ်မနေရေးရမယ့်ဟာလေးတွေလည်းရှိသေးတော့ အညို့ကို တစ်ပိုင်းချင်းရေးပြီးတင်ရမှာပါ။ ဆိုတော့ ကြားထဲမှာအချိန်တွေကြာပြီး စောင့်ဖတ်ရတာအဆင်မပြေမှာစိုးတာကြောင့်ပါ။ စိတ်အနှောင့်အယှက်ပေးမိရင် ဒီနေရာကပဲတောင်းပန်ပါတယ်ရှင်။ အပြီးသိမ်းတာမဟုတ်ပါဘူးနော်။ တတ်နိုင်သမျှ များများရေးထားပြီးတော့ သိမ်းထားမှာပါ။ အဆင်ပြေလောက်တဲ့အခါကျ ချက်ချင်း ပြန်တင်ပေးပါ့မယ်။ အဲ့ကျရင်တော့ ဖတ်ပေးကြပါဦးနော်❤ အချိန်ပေးလို့ ကျေးဇူးပါပဲရှင်❤