yellow-warbler
Link to CommentCode of ConductWattpad Safety Portal
အချိန်တစ်ခုအထိ စာရေးခြင်းရပ်နားလိုက်ဖို့ ဆုံးဖြတ်လိုက်တာလေး အသိပေးဖို့ရယ်၊ အားနာမိစွာ တောင်းပန်ဖို့ရယ်ပါ...။
ပထမတစ်ခုအနေနဲ့ ကိုယ့်ကို သတိထားမိတဲ့သူတွေဆို သိမှာပါရယ် ကိုယ် active သိပ်မဖြစ်တော့တာ လအတော်ကြာနေပြီဆိုတာကို။ ကိုယ်က CDM သမားပါ။ တစ်ဖက်က အိမ်ကစီးပွားရေးကိုကူရင်း တစ်ဖက်က ပညာရေးအတွက်လုပ်နေတော့ ကိုယ့်မှာ အချိန်က မအားပြန်ဘူး။ စားဝတ်နေရေးကြောင့်မဟုတ်ပေမဲ့ အိမ်ကိုကူရတာက တာဝန်ပါ။ အတိအကျပြောရရင် ကိုယ်ကအခု( Chinese, English, Digital art နဲ့ ခဲပန်းချီ) လေးမျိုးကို တစ်ပြိုင်တည်း သင်ယူ၊ လေ့လာ၊ လေ့ကျင့်နေပြီး တချို့ စာမေးပွဲတွေကလည်း ဒီနှစ်အတွင်း အပြီးသတ်မှရမယ့် target တွေဖြစ်နေတော့ ကျားကုတ်ကျားခဲ လုပ်နေရပြန်တာပါ။ ခနလေးရတဲ့ အားလပ်ချိန်မှာလည်း ပြည့်ပြည့်ဝဝအနားယူချင်လို့ပါရယ်...။ ကိုယ်က စာရေးတာကို ဝါသနာအရ အေးအေးလူလူ ရေးမယ်ဆိုပြီး စခဲ့ပေမဲ့ တကယ့်တကယ်ကျ မလွယ်လှဘူးဆိုတာ သိလာရတာနဲ့အမျှ ဖိအားတစ်ခုလို ဖြစ်လာခဲ့မိတယ်ရယ်။ ဒီအထဲကမှ ဒီတစ်နှစ်ကျော်အတွင် ဘက်ပေါင်းစုံကနေ နည်းအမျိုးမျိုးနဲ့ အားပေးခဲ့ပြီး တကယ် အားဖြစ်စေတဲ့သူတွေနဲ့ တွေ့ဆုံခဲ့ရတာ တကယ်ကံကောင်းတယ်လို့ ခံစားရပေမဲ့ သူတို့လေးတွေကို ပိုပြီး အားနာမိပြန်တယ်။ ကိုယ့်ကြောင့် နည်းနည်းလေးဖြစ်ဖြစ် ပျော်ခဲ့ဖူးသူ၊ ကိုယ့်ကို အားဖြစ်စေခဲ့သူ အားလုံးကို ကျေးဇူးအထူးတင်မိပါတယ်။
ဆက်စပ်ပြီး ကိုယ်တောင်းပြန်ချင်တာကတော့ ကိုယ် လွှတ်ချလိုက်မိတဲ့အတွက် တကယ့်တကယ် အနူးအညွတ် တောင်းပန်ပါတယ်။ ကိုယ့်ရဲ့ ဒုတိယ fiction ဖြစ်တဲ့ လိပ်ပြာပျိုးသော (နိဒါန်း) ကို unpublish လိုက်ပါတော့မယ်။ ဒီ fiction ကို အစပျိုးခဲ့တုန်းက ကိုယ့်မှာ ဒီလောက် ကိစ္စတွေ များပြားလာမယ်လို့ မထင်ခဲ့မိတာ အားနာစရာဖြစ်သွားခဲ့တယ်။ fiction ရေးနေတုန်းမှာလည်း ရှောင်တိမ်းရတဲ့ ကိစ္စတချို့နဲ့ ခနခန အဆက်ပြတ်သွားတာတွေကြားမှာ ကိုယ် စိတ်မနှစ်နိုင်ခဲ့မိဘူး။ အဘက်ဘက်က လိုအပ်ချက်တွေ အမြောက်အမြားရှိနေတဲ့ fiction လေးကို ongoing ဖတ်ပေးခဲ့တဲ့သူတွေကို နောက်တစ်ကြိမ်ထပ်မံ အားနာစွာ တောင်းပန်ပါတယ်။ အဆုံးအထိသွားမယ်ဆိုတဲ့ ကိုယ့်ကတိကို မတည်နိုင်ခဲ့ဘူး။ ကိုယ့်အမှားကနေ သင်ခန်းစာယူပါ့မယ်။ ကိုယ် နောက်နောင် စာရေးဖို့ ပြန်လာတဲ့အခါမှာတော့ ကိုယ့် fic ကို ending နီးပါး ရေးပြီးပါမှ publish ပါတော့မယ်လို့ ကတိပေးပါတယ်။
အားနာမိစွာ တောင်းပန်အပ်ပါတယ်။ ကျေးဇူးအထူးတင်ရှိပါတယ်။ ကျန်းမာရေးအပါအဝင် အစစအရာရာ ဂရုစိုက်ကြပါ...
#တောငှက်ဝါ
Nay_Nyo_Thway
အယ် ပြန်လာပြီဗျ ကျေးဇူးပါဗျာ ချစ်တယ် အပျိုကြီးရေ ><
'လိပ်ပြာပျိုးသော' လေး ဒီနေ့ update မရှိပါဘူးရှင့်...။
ကိုယ် ရှေ့ရက်နားက ဖျားနေတာနဲ့ မရေးရသေးသမို့ပါ။
yellow-warbler
'ကျည်ဖျားမေတ္တာ' fic လေးဟာ စာအုပ်အဖြစ် ဒီ July လထဲမှာ စတင် အသက်သွင်းပါတော့မယ်။
အဘက်ဘက်ကနေ အဆင်တပြေရှိရတဲ့
'ညှို့စာပေ' နဲ့ လက်တွဲပြီးတဲ့နောက်
ယမန်နေ့ကပဲ စတင် announce ခဲ့ပါပြီ။
ငှက်ဝါရဲ့ ပထမဆုံး fic လေးဖြစ်တာမို့ အဘက်ဘက်က လိုအပ်ချက်များနေမှာတော့ မလွဲပါဘူး။ ဒါဟာ ကိုယ်တာဝန်မဲ့စွာ ပြောချင်တာမဟုတ်ကြောင်း နားလည်ပေးစေချင်ပါတယ်။ ကိုယ် အကောင်းဆုံး ကြိုးစားထားခဲ့ပါတယ်။ ဒီ့ထက်လည်း ပိုလေ့လာနေဆဲ၊ ကြိုးစားနေဆဲဖြစ်တာမို့ ဦးဆုံးအနေနဲ့ ကိုယ့် fic လေးကိုဖတ်ပြီး အနားမှာရှိခဲ့တဲ့သူတိုင်းကို ကျေးဇူးတင်မိပါတယ်။
မောင်ကြီးတို့ကို အိမ်ခေါ်ချင်မယ်ဆိုရင်
'ညှို့စာပေ' page ကို ဖိတ်ခေါ်ချင်ပါတယ်။
ကိုယ့် acc 'တော ငှက် ဝါ (Yellow Warbler)' ကိုလည်း လာရောက် မေးမြန်းနိုင်ပါတယ်။
တိုက်ဘက်ကလည်း အကောင်းဆုံးကြိုးစားပေးတာမို့ သင့်တင့်တဲ့ စျေးနှုန်းနဲ့ အရည်အသွေးနဲ့ မောင်ကြီးတို့ကို မြင်ရမှာ။
တကယ်လို့ မောင်ကြီးတို့ကို အိမ်မခေါ်နိုင်သည်ရှိသော် စိတ်မကောင်း မဖြစ်ပါနဲ့လေ။
sec edition ရှိမှာ မဟုတ်ပေမဲ့လည်း
ဒီထက်ပိုကောင်းအောင် လေ့လာကြိုးစားရင်း
fic အသစ်အသစ်တွေ ရှိနေမှာဖြစ်လို့
အားအင်အဖြစ် ကိုယ့်လက်ရာလေးကို သဘောတကျရှိနေပေးရင် လုံလောက်ပါပြီရယ်...။
ချစ်သော ငှက်ဝါ
ppppppppppplp
လိပ်ပြာပျိုးသောနိဒါန်းလေးမျှော်နေတယ်ဗျ
yellow-warbler
@EiEiPreal သေချာပေါက် အဆုံးအထိရေးမယ့် plot လေးမို့ အရေးအသားလေးတွေ ပိုလေ့လာပြီး ပြန်လာခဲ့ပါမယ်နော်...။ မျှော်နေပေးတယ်ဆို ကြိုးစားရတာ အားဖြစ်ရပါတယ်
•
Reply
yellow-warbler
လိပ်ပြာပျိုးသော (နိဒါန်း) ကို ရေးဟန်တွေ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတာမို့ unpublished ထားပါတယ်ရှင့်။
ပြန်ပြုပြင်စရာများတာမို့ ပြန် publish ဖို့ ကြာပါလိမ့်မယ်။ Og တစ်လျှောက်လုံး လိုက်ခဲ့ပေးတဲ့သူတွေကို အားနာပေမဲ့ မိမိအရေးအသားကို ကျေနပ်မှုမရှိတာမို့ နားလည်ပေးကြမယ်မို့လား။ ကျေးဇူးပါ။
yellow-warbler
'ကျည်ဖျားမေတ္တာ' Extra လေး ရေးနေပြီမို့ 'လိပ်ပြာပျိုးသော(နိဒါန်း)'လေးကို update ခဏနားမယ်နော်။
ကောင်းသောညလေးပါ♥
ကောင်းသောညလေးပါ♥
KinoPark3
ကုမုဒြာလေးကိုလွမ်းနေပြီㅠㅠ
Hsu529
Yy အပြုံးရေ 1K Follower ပြည့်ပြီကွယ်
Congratulations