your_yor

ဝေဝါးနေတဲ့ အိမ်မက်တွေရယ်
          	မသေချာတဲ့ စိတ်တွေရယ်နဲ့
          	မရေရာတဲ့ မနက်ဖြန်တွေကို
          	အိမ်ပြေးငှက်လေးတစ်ကောင်
          	ပျံသန်းသွားနေသတဲ့။
          	

your_yor

ဝေဝါးနေတဲ့ အိမ်မက်တွေရယ်
          မသေချာတဲ့ စိတ်တွေရယ်နဲ့
          မရေရာတဲ့ မနက်ဖြန်တွေကို
          အိမ်ပြေးငှက်လေးတစ်ကောင်
          ပျံသန်းသွားနေသတဲ့။
          

your_yor

ဆောင်း ကိုမျှော်နေကြတဲ့သူတွေအတွက်
          Autumn leaves တွေဝေတဲ့ လမ်းမတွေက 
          မြတ်နိုးစရာတွေချည်း..။
          
          အောက်တိုဘာလချမ်း မြမြလေးမှာ 
          နီနီညိုညိုလေးတွေ အပြိုင်အဆိုင်
          ပွင့်လန်းကြတဲ့ လှပဆန်းကြယ်လှလေသော
          နေရာတွေဆီ သဘောကျရတဲ့မင်းနဲ့အတူ ​
          လျှောက်လည်ချင်မိ..။
          
          အပိုဆုအနေဖြင့် မြတ်နိုးရတဲ့ 
          Autumn leafလေးကိုလည်း
          တစ်သက်တာရည်ရွယ်သူအား ပန်ဆင်ပေးဦးမည်လေ..။

your_yor

"1936 ကထွက်ခဲ့တဲ့ Gone With the Wind စာအုပ်ကိုလည်းသဘောကျတယ်။ မောင်တို့ချယ်ရီမြေ၊ တိမ်လွှာမို့မိုလွင်နဲ့ မှုံရွှေရည်ဇာတ်ကားတွေကိုလည်း ကြိုက်တယ်။ The Beatles ရဲ့ သီချင်းတွေကို ကြိုက်တယ်။ ပြီးတော့... 1967ခုနှစ်မှာ လူ့လောကထဲ ရောက်လာခဲ့တဲ့ ခင်ဗျားလေးကိုလည်း ချစ်တယ်" 
                            
          "တစ်ခုတော့ မြဲမြဲ မှတ်ထားပေး။ဘယ်အစိုးရတက်တက် ခင်ဗျားလေးမျက်ရည်တစ်စက်ကျတာနဲ့ ကိုယ်ကတော်လှန်ဖို့အသင့်ပဲ။တော်လှန်ဖို့အင်အားလဲကိုယ့်မှာရှိတယ်။ဒါကြောင့် ခင်ဗျားလေး အဲ့လမ်းကိုလိုက်မယ်ဆိုရင် မျက်ရည်မကျစေနဲ့။ခင်ဗျားလေးမျက်ရည်ကျတာနဲ့ ကိုယ်က ဝင်စွက်ဖက်တော့မှာမို့ပဲ"
          
          "ကိုယ် နဲ့အနီးဆုံးနေရာမှာထားချင်တယ်၊ခင်ဗျားလေးရယ်။
          ဒါပေမဲ့ ..
          
          သွေးစွန်းနေတဲ့ လက်ချောင်းတွေကို ခင်ဗျားလေးဆုပ်ကိုင်ရဲပါ့မလား။
          
          အမြတ်ကြီးစားပြီး ပြည်သူတွေရဲ့ ဂုတ်သွေးစုပ်ပြီးမှ စားရတဲ့ထမင်းကိုကော ခင်ဗျားလေးမြိုကျပါ့မလား..။
          
          ကျည်ဆန်တွေကြားမှာကော ခင်ဗျားလေး ပျော်နိုင်ပါ့မလား...။
          
          မဖြစ်နိုင်တာတွေလေ။
          
          အခုတော့ "ခင်ဗျားလေးနဲ့အတူ" ဆိုပြီးမက်ခဲ့တဲ့ အိမ်မက်တွေက အရိုးတစ်ခြား ၊ အသားတစ်ခြား။
          
          ခင်ဗျားလေးက ကိုယ်မပိုင်ဆိုင်တဲ့ ကိုယ့်အစိတ်အပိုင်းပဲဗျ။ခင်ဗျားလေးကိုထိရင် ကိုယ်သေလုမတတ်နာကျင်ရလိမ့်မယ်။"
          
           - စောမိုခေမာဓိပတိ
          
          "မင်းအပေါ်ထားရှိတဲ့ ငါ့ရဲ့ခံစားချက်တွေက... 'ဂေဟဿိတပေမ' လို့ပြောလို့ရတယ်"
          
           - သက်ဦးမောင်

your_yor

ဘဝကြီးလောက် မြတ်နိုးရတဲ့
            တစ်ခုတည်းသော ဖန်တီးမှုလေးမို့
            စာကြောင်းတစ်ကြောင်းတိုင်းစီကို
            အလေးအနက်ဖတ်ခဲ့တယ်..
            အခြားသူတွေကိုလဲဖတ်စေချင်တယ်..။
            တကယ်ပါ စောမိုလောက် 
            ချစ်ရမဲ့သူ ကိုယ့်မှာမရှိတော့ဘူး..။
            ခုလဲ စောမိုလေးတို့ကို
            ဘယ်တော့မှထပ်မဖတ်တော့ဘူးဆိုပြီး.
            ပြောခဲ့ပေမဲ့ ဖတ်မိပြန်ပြီ ://
Reply

your_yor

"သက်ဦးမောင်နဲ့ စောမိုခေမာဓိပတိ"
            
            "ငြိမ်းချမ်းရေးနိုဘယ်ဆုရ သံအမတ်နဲ့ နိုင်ငံတကာကို တရားဝင်လက်နက် ရောင်းဝယ်ဖောက်ကားနေသူတစ်ဦး"
            
            "မအပ်စက်လိုက်တာ"
            
            ဒီနေရာ..နောက်ဆုံးအပိုင်းလေးရဲ့ဒီနေရာမှာ ကိုယ့်မျက်ရည်တွေတာကျိုးတော့တာပဲလေ။ seဆိုတာသိပြီးပထမဆုံးရဲရဲတင်းတင်းဖတ်ချင်ခဲ့တဲ့ တစ်နေ့လုံးမနားတမ်းထိုင်ဖတ်ဖြစ်ခဲ့တဲ့ ဝတ္ထုလေးပေမဲ့ ရင်ထဲနင့်နေအောင် ခံစားရလွန်းတယ်..။
Reply

your_yor

လွမ်းတယ် ရူးလောက်အောင် လွမ်းတယ်ဗျာ..။ စောမိုက ခုခေတ်မှာပြောရရင် အကောင်ကြီးကြီးထဲကတစ်ယောက်လေတဲ့.. ဟုတ်ပါတယ် စောမိုဆိုတဲ့သူက realistic အာဏာရှင်တစ်ယောက်..အာဏာကိုအရမ်းမက်မောသူတစ်ယောက်ပါ..ဒါပေမဲ့ သူ့ရဲ့ ခင်ဗျားလေးကိုချစ်တဲ့အချစ်..နောက်ဆုံးထိ သက်ဦးကို မြတ်နိုးလွန်းတဲ့မေတ္တာတွေက ကိုယ်သူ့ကို မြတ်နိုးစေခဲ့တဲ့အကြောင်းရင်းတွေပေါ့...သူ့ကို​မြတ်နိုးမိတာ ဒါပဲလားဆိုမဟုတ်ပါဘူး..။ သူ သက်ဦးကိုမြတ်နိုးသလို ကိုယ်က စောမိုက မြတ်နိုးတာပါ..။ အမြတ်နိုးဆုံး character ပါပဲ..။ 
            
            အာဏာနဲ့သက်ဦး ဘယ်သူ့ကိုရွေးမလဲမေးရင် စောမိုက သိပ်ခန့်မှန်းရခက်တဲ့သူမျိုးမို့ နှစ်ခုလုံးကိုမရရအောင်ရယူမှာ.. သက်ဦးသာ နိုင်ငံရေးကိုတက်ကြွလှုပ်ရှားပြီး နိုင်ငံကိုမြတ်နိုးတတ်ခဲ့တဲ့သူသာမဟုတ်ရင် သေချာပေါက် ဟက်ပီးအန်းဒင်းဖြစ်မှာပဲ...နောက်ဆုံးတစ်ခေါက် လာခေါ်တုန်းကတည်းကလိုက်သွားမှာ..။ 
            
            ဒါပေမဲ့ ရည်ရွယ်ချင်းမတူ..ပြဒါးတစ်လမ်း သံတစ်လမ်းမို့ မှားယွင်းတဲ့အချိန်မှာ မှားယွင်းစွာချစ်မိခဲ့ကြတာ..။: ((
            
            ရင်ထဲနင့်နေအောင်လွမ်းရတယ်ဗျာ.. :/
Reply

your_yor

တောဓလေ့တစ်ခုခုတို့ ရှေးခေတ်တစ်ခုခုနဲ့ နီးစပ်တဲ့
          နေရာလေးတွေရောက်တိုင်း
          နောင်ရိုးငယ်နဲ့ ခွန်မင်း
          ကို သတိရတယ်
          
          တောလယ်ကွင်းစိမ်းစိမ်းလေးတွေကို 
          မြင်ရတိုင်း ရောင်ဖြာနဲ့သဝဏ်လွှာလေးကို
          လွမ်းတယ်
          
          ကျောက်ဆည်မြို့ရောက်တိုင်း 
          ထက်မြတ်နဲ့ စစ်ရောင်ကို အမှတ်ရမိတယ်
          
          ကော်ဖီ​လေးသောက်တိုင်း 
          သျှားအိမ်နဲ့သျှားနောင်ကိုလွမ်းတတ်တာမျိုးပေါ့။
          
          ဒီလိုပါပဲ...ကိုယ်ဖတ်ခဲ့သမျှ BL OCတိုင်းကို  ဆက်စပ်တဲ့တစ်နေရာရာရောက်တိုင်း အမှတ်ရပြီး မြတ်နိုးမိတယ်..❤

AkariKhin22

@MyatNoe881 ဟုတ် ကျေးဇူးကမ္ဘာပါနော်>•<♥
Reply

your_yor

@AkariKhin22 To Love District လေးပါ ကိုယ်​့ my oxygen 2 rlထဲမှာရှာဖတ်လို့ရပါတယ်နော်♥
Reply

AkariKhin22

@MyatNoe881 တူတူပါပဲရှင်!ဒါနဲ့ ထက်မြက်နဲ့စစ်ရောင်တို့ရဲ့ Fic nameလေးပြောပြပါလားရှင်:")
Reply