zwealthurain1990
Link to CommentCode of ConductWattpad Safety Portal
ချစ်ခင်လေးစားရပါသော ကျွန်တော့ရဲ့စာဖတ်ပရိတ်သတ်ကြီးခဗျာ..
ဒီရက်ပိုင်းတွေမှာ သစ္စာဖြင့်ဖန်တီးသော ကိုအပိုင်းသစ် မတင်ပေးနိုင်တာကို နားလည်ခွင့်လွှတ်ပေးနိုင်ကြမယ်ထင်ပါတယ်။
လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားတွေမှာ စာရေးချင်စိတ်၊စာဖတ်ချင်စိတ်လုံးဝမရှိဖြစ်နေခဲ့ပါတယ်။
အခုဖြစ်ပျက်နေတဲ့လုပ်ရပ်ဟာ မတရားမှုလို့ခံယူထားသလို အဲဒီမတရားမှုနဲ့ ယှဥ်တွဲနေတဲ့ စနစ်တစ်ခုကို ရနိုင်သမျှနည်းလမ်းတွေနဲ့ တွန်းလှန်ဆန့်ကျင်ဖို့ လှုပ်ရှားလျက်ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ပြည်သူ့ဝန်ထမ်းတစ်ယောက် ဖြစ်နေတဲ့အတွက် CDMလို့ခေါ်တဲ့ လှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ရင်း မှန်ကန်သော ဓမ္မဘက်မှ တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်ကြီးလည်း ဒီတိုက်ပွဲတွေမှာ ပါဝင်နေမယ်လို့ ယုံကြည်ပါတယ်။ အချိန်တွေ ကြာလာတာနဲ့ အမျှ ကျွန်တော်တို့တွေဟာ စိတ်ပင်ပန်းမှု၊ကိုယ်ပင်ပန်းမှုတွေ ခံစားလာရမယ်လို့လဲ ထင်ပါတယ်။ အဲဒီ့စိတ်ပင်ပန်းမှုတွေ ပြေပျောက်သွားအောင်၊ နောက်ထပ်စိတ်ခွန်အားအသစ်လေးတွေ ဖြစ်လာအောင်ဆိုပြီး ကျွန်တော့်ရဲ့ Real BL storyကို ဆက်ပြီး အသက်သွင်းရေးသားပေးလိုက်ပါတယ်။ အပြင်လက်တွေ့ဘဝက ဒီလူသားလေးနှစ်ယောက်ရဲ့ ချစ်စရာကောင်းလှတဲ့ ဇာတ်လမ်းဇာတ်ကွက်အစုံစုံကို ဖတ်ရှုခံစားရင်း စိတ်အမောတွေပြေနိုင်ကြပါစေ။ ဒီဇာတ်လမ်းလေးကိုဖတ်ပြီး ပျော်စရာရှိတာလဲပျော် လုပ်စရာရှိတဲ့အလုပ်ကိုလဲဆက်ပြီးလုပ်နိုင်ကြပါ။ အားတင်းထားကြပါ။ fighting ...အောင်မြင်ရမည်။
MinganReader
@zwealthurain1990 အန္တရာယ်ကင်းကင်းနဲ့အိမ်ပြန်လာပေးပါ ဒါဆိုစိတ်ချပါပြီ လူသားအားလုံးဘေးကင်းကြပါစေ❤️❤️
•
Reply
ChueChueLaYoungCho
TiK Tok
အကောင့်လေးသိချင်လို့ပါ
Myanee789
ဇာတ်လမ်းရဲ့အဆုံးသတ်ကို မရောက်ခင်တုန်းကတော့အရမ်းပျော်ခဲ့တယ် အရမ်းကိုမှ သဘောကျခဲ့တာ အဆုံးသတ်ကိုလည်း ပျော်ရွှင်နိုင်ကြလိမ့်မယ်လို့ အများကြီးတွေးp ကြည်နူးခဲ့တာ အဆုံးသတ်က မမျှော်လင့်ထားတာကြီး ဖြစ်သွားတော့ တကယ် ငိုကြွေးနေရပါတယ်ဦး ကိုလည်းသနားရသလို အဖြူကိုလည်း အရမ်းသနားမိပါတယ် အချစ်တွေက စစ်မှန်ပါလျက်နဲ့ ကွေကွင်းသွားခဲ့ရတဲ့အခါ ကာယကံရှင်မဟုတ်တဲ့ မြတ်နိုးတောင် ပူဆွေးခံစားနေရရင် ဦးဆို ဘယ်လောက်နာကျင်ရလိမ့်မလဲဆိုတာတွေးတောင် မတွေးနိုင်တော့ပါဘူး fic တခုမဟုတ်ဘဲ real life ဆိုတာကိုမြင်တိုင်း ရင်တွေကွဲနေသလိုကို ခံစားနေရပါတယ်အဖြူရဲ့ဆုတောင်းအတိုင်း သံသရာတကွေ့ကွေ့မှာ ပြန်ဆုံခဲ့ကြရင် ခွဲခွာခြင်းမဟုတ်တဲ့ ပေါင်းစည်းခြင်းမျိုး ဖြစ်နိုင်ကြပါစေ
zwealthurain1990
@Myanee789 ကိုယ်တိုင်ရေးပြီးပြန်မဖတ်ရဲတဲ့ဝတ္ထုပါ။ လက်တွေဘဝမှာဒီလိုတွေရှိနေတယ်ဆိုတာကိုတင်ပြချင်ယုံလေးရေးခဲ့တာဆိုပေမဲ့ ကိုယ်ကိုယ်တိုင်ရေးပြီး ပြန်မဖတ်ရဲလောက်အောင်နာကျင်ရပါတယ်။ ဖတ်ပေးခံစားပေးလို့ကျေးဇူးလဲတင်ပါတယ်ခဗျာ။ ဆုတောင်းအတိုင်းလဲပြည့်ပါစေလို့❤❤❤
•
Reply
AungAllan
နေကောင်းကျန်းမာရဲ့လား အကိုရေ
အပိုင်းသစ်လေးတွေစောင့်မျော််နေဆဲပါအကို
AungAllan
Fic အသစ်လေးတွေထက်မလာတော့ ဘူးလား အကို
AungAllan
@AungAllan ဟုတ်ကဲ့ပါ စောင့်မျှော်နေပါတယ် ဖြစ်ရပ်မှန်ကိုအခြေခံပြီး သဘာဝကျကျ လေးတွေရေးပေးလို့ ဖတ်ရတာ ကိုယ်တိုင်ခံစားနေရသလိုဘဲ။ အမြဲအားပေးလျက်ပါ။
•
Reply
thinzarHtet935
ဦးfb accပေးပါလား
inkyinkhin
အူး ပုံလေးတေ မှာ အူး ၀တ်ထားတဲ့ နားကပ်လေးက အကိုရှိုင်း ပေးသွားတာလေးလားဟင်
nwayruulay
အားးးးးး
တကယ် ငိုမိပီ
အားပေးလျက်ပါ ဗျာ
NoeNoe315
ကိုဇွဲရဲ့ ဒီ Fic ကိုပထမဦးဆုံးဖတ်မိတာပါ တကယ်ကိုလေးစားမိပါတယ် အမြဲအားပေးနေပါတယ်နော်
ဇာတ်သိမ်းပိုင်းမှာငိုခဲ့မိတာလေးအမှတ်တရပါလို့
hEinmyatmg2390
အားပေးနေပါတယ်ကိုကြီး စာဖတ်ပရိသတ်တစ်ယောက်ပါ