1. zawgyi

55 7 0
                                    

1..When we first meet

အသည်းခိုက်မတက်ပင် အေးလွန်းလှသည့်
ဆောင်းရာသီ၏ မနက်ခင်းအချိန်တစ်ခု။

အနွေးထည်ထူထူ စောင်ထူထူအောက်မှာနေရင်း..
အအေးဒဏ်ကိုပုန်းကွယ်
အနွေးဓာတ်ကိုအရယူနေသူတို့အဖို့
အိပ်မက် မက်လို့ကောင်းနေလေမယ့်အချိန်...

အအေးဓာတ်ကို ကာကွယ်ဖို့ ချစ်ရသူရင်ခွင်ထဲ..ခေါင်းတိုးဝင်ကာ
မလွတ်စတမ်း ဖက်လို့ထားသင့်လေတဲ့အချိန်...

စသည်ဖြင့်....
အနွေးဓာတ်ကိုရရင်ရသလို..
အမိအရယူရမည့်အချိန်တွင် မည်သူက
အစောကြီးထချင်မည်နည်း။???

မည်သူမှစောစီးစွာမထချင်သလို
အနှိုးခံရမည်ကိုလည်းမကြိုက်...
ရာသီဥတုကချမ်းအေးနေသည်ကိုး။

ထိုသို့စိတ်ကူးယဉ်ဆန်ဆန်..အေးလွန်းချမ်းလွန်းလှတဲ့
ဆောင်းရာသီ မနက်ခင်းအချိန်ကို စောင်ထူကြီး
ထဲမှာပင်ကွေးနေအောင်အိပ်ချင်သည့် ကျနော်...

အနှိုးခံရမှာမကြိုက်သည့်ကျနော်...

ရင်ခွင်ထဲတွင်ခိုနားတွယ်ကပ်နေမည့် ချစ်ရသူမရှိဘဲ
ခွအိပ် ဖက်အိပ်စရာသာရှိသည့်
့်ဖက်လုံးတစ်ခုနှင့်ကျနော်...

ကျနော်၏ စိတ်ကူးယဉ်မဆန်လှတဲ့
ဆောင်းရာသီ၏ မနက်ခင်းကထိုသို့။

ကျနော်ဆောင်းရာသီကို တကယ်မကြိုက်။
အနွေးcoatတွေဝတ်ရတာကိုငြီးငွေ့ပြီး
အမြဲမနက်စောစောထနေရသည့်
့်ကျနော်အတွက်တော့
ဆောင်းရာသီသည် မကြိုက်ဆုံးပင်။

သို့သော်...
နေအပူရှိန်ပြင်းလွန်းလှပြီး ခြောက်သွေ့လှတဲ့
နွေရာသီကိုလည်း ကြိုက်လှသည်မဟုတ်..
နွေဦးကတော့သိပ်အဆိုးကြီးမဟုတ်လှပေမည
့်လည်းကျနော်မကြိုက်ပြန်။

ပြီးတော့...မိုးကျတဲ့နေ့ရက်တွေ။
မိုးဖွဲကျလိုကကျ..သည်းပြန်လျှင်လည်း
မည်သူမည်ဝါအား အငြှိုးကြီးနေသည်မသိ။
သည်းကြီးမဲကြီးကိုရွာပြန်သည်။

အေးစိမ့်စိမ့်အနေအထားကိုကြိုက်ပြီး
အလွမ်းဓာတ်ကိုခံစားတက်လျှင်တော့
အလွန်နေလို့ကောင်းမည့်ရာသီပင်။

If you need a loverWhere stories live. Discover now