2.When we second meet
"မေမေ့ သားပြန်လာပြီနော်။"
"တော်တော်မှစားခဲ့ရဲ့လား သားငယ်"
"ဗိုက်ပေါက်ထွက်တော့မယ် ထင်တယ် မေမေ့
စားပြီးလို့ ဂိမ်းအကြာကြီးဆော့ခဲ့သေးတာတောင်
မလျော့သေးဘူး။"အပြန်လမ်းမှာ ကုန်တိုက်ဝင်ပြီးရေခဲမုန့်ဝင်စားခဲ့
သေးတာ တစ်နာရီလောက်ကြာသည်ကိုတော့ ထိန်ချန်ထားလိုက်သည်။
ကိုယ့်ပိုက်ဆံနဲဲ ့ကိုယ်စားခဲ့တာဆိုတော့
ပြောမနေတော့ပါ။ ဟုတ်တယ်။
မေမေပေးထားတဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်စားခဲ့တာ။"သားငယ် နားတော့လေ"
"ဟုတ်မေမေ"
"အော် ဒါနဲ့ သားငယ်"
ဘတ်ခ်ဟျွန်းအပေါ်တက်ရန်ပြင်နေတုန်း
မေမေကခေါ်လာသည်။"ဗျာ မေမေ့"
"မနက်ဖြန် မေမေနဲ့သွားစရာရှိတယ်"
"ဘယ်ကိုလဲ မေ့"
"မေ့သူငယ်ချင်းဆီလေ..."
"မေ့သူငယ်ချင်းတွေကလည်း
ခုမှတစ်ယောက်ပြီးတစ်ယောက်"ဘတ်ခ်ဟျွန်းစိတ်ရှုပ်စွာရေရွတ်မိတော့သည်။
မနက်ဖြန်ဘယ်မှမသွားချင်ဘူး။"လိုက်ခဲ့ပါ။"
"မလိုက်ချင်ပါဘူး"
"လိုက်ရမယ်"
လိုက်ခဲ့ပါ။ တောင်းဆိုတဲ့အသံ။
လိုက်ရမယ်။ အမိန့်ပေးတဲ့အသံ။ဘတ်ခ်ဟျွန်းမျက်နှာကိုသာ ဆူပုတ်ထားလိုက်တော့
သည်။ သူ ဂျုံအင်တို့အိမ်ကလွဲရင် ဘယ်မှမသွားချင်
ဘူး။ အပြင်ထွက်ရတာလည်းမကြိုက်ဘူး။
ဒါကို မေမေကဇွတ်ပဲ။"မေမေ့သူငယ်ချင်းအိမ် မေမေပဲသွားပါ။
သားဘတ်စ်မစီးချင်ဘူး။"ဘတ်ခ်ဟျွန်းမေမေ့ဘေးနားလေးကိုဝင်ထိုင်ပြီး
မေမေ့ပုခုံးပေါ် ခေါင်းမှီထားလိုက်သည်။"နော်..မေမေ့"
"စီးစရာမလိုပါဘူးရှင်။ လာခေါ်မှာပါရှင့်။
သားချန်းယောလ်လာခေါ်လိမ့်မယ်။"ချန်းယောလ်?...
မနက်ကတစ်ယောက်?...
ဒါဆိုပိုဆိုး။"မလိုက်ချင်ပါဘူးဆိုဗျာ"