1..When we first meet
အသည်းခိုက်မတက်ပင် အေးလွန်းလှသည့်
ဆောင်းရာသီ၏ မနက်ခင်းအချိန်တစ်ခု။အနွေးထည်ထူထူ စောင်ထူထူအောက်မှာနေရင်း..
အအေးဒဏ်ကိုပုန်းကွယ်
အနွေးဓာတ်ကိုအရယူနေသူတို့အဖို့
အိပ်မက် မက်လို့ကောင်းနေလေမယ့်အချိန်...အအေးဓာတ်ကို ကာကွယ်ဖို့ ချစ်ရသူရင်ခွင်ထဲ..ခေါင်းတိုးဝင်ကာ
မလွတ်စတမ်း ဖက်လို့ထားသင့်လေတဲ့အချိန်...စသည်ဖြင့်....
အနွေးဓာတ်ကိုရရင်ရသလို..
အမိအရယူရမည့်အချိန်တွင် မည်သူက
အစောကြီးထချင်မည်နည်း။???မည်သူမှစောစီးစွာမထချင်သလို
အနှိုးခံရမည်ကိုလည်းမကြိုက်...
ရာသီဥတုကချမ်းအေးနေသည်ကိုး။ထိုသို့စိတ်ကူးယဉ်ဆန်ဆန်..အေးလွန်းချမ်းလွန်းလှတဲ့
ဆောင်းရာသီ မနက်ခင်းအချိန်ကို စောင်ထူကြီး
ထဲမှာပင်ကွေးနေအောင်အိပ်ချင်သည့် ကျနော်...အနှိုးခံရမှာမကြိုက်သည့်ကျနော်...
ရင်ခွင်ထဲတွင်ခိုနားတွယ်ကပ်နေမည့် ချစ်ရသူမရှိဘဲ
ခွအိပ် ဖက်အိပ်စရာသာရှိသည့်
့်ဖက်လုံးတစ်ခုနှင့်ကျနော်...ကျနော်၏ စိတ်ကူးယဉ်မဆန်လှတဲ့
ဆောင်းရာသီ၏ မနက်ခင်းကထိုသို့။ကျနော်ဆောင်းရာသီကို တကယ်မကြိုက်။
အနွေးcoatတွေဝတ်ရတာကိုငြီးငွေ့ပြီး
အမြဲမနက်စောစောထနေရသည့်
့်ကျနော်အတွက်တော့
ဆောင်းရာသီသည် မကြိုက်ဆုံးပင်။သို့သော်...
နေအပူရှိန်ပြင်းလွန်းလှပြီး ခြောက်သွေ့လှတဲ့
နွေရာသီကိုလည်း ကြိုက်လှသည်မဟုတ်..
နွေဦးကတော့သိပ်အဆိုးကြီးမဟုတ်လှပေမည
့်လည်းကျနော်မကြိုက်ပြန်။ပြီးတော့...မိုးကျတဲ့နေ့ရက်တွေ။
မိုးဖွဲကျလိုကကျ..သည်းပြန်လျှင်လည်း
မည်သူမည်ဝါအား အငြှိုးကြီးနေသည်မသိ။
သည်းကြီးမဲကြီးကိုရွာပြန်သည်။အေးစိမ့်စိမ့်အနေအထားကိုကြိုက်ပြီး
အလွမ်းဓာတ်ကိုခံစားတက်လျှင်တော့
အလွန်နေလို့ကောင်းမည့်ရာသီပင်။