Falling in Love with my ROOMMATE!

383 30 132
                                    

[Unicode Version]

[Falling in Love with my ROOMMATE !]

"ပန်းစည်းပို့တာက မရိုးလွန်းဘူးလား အစ်ကိုရာ"

Li Yan က ခေါင်းကုပ်ရင်း ဇဝေဇဝါဖြစ်နေသလိုပြောသည်။ Bai Yu က ခြေထောက်ချိတ်ထိုင်နေသည်ကို ဖြုတ်လိုက်ကာ ကိုယ်ကို ရှေ့ကိုင်းလိုက်ပြီး Li Yan ကို ရှေ့တိုးရန် လက်ယပ်ခေါ်၏။ Li Yan က ခေါင်းငုံ့ကာ Bai Yu နားသို့ကပ်လိုက်တော့ Bai Yu က နှစ်ကိုယ်ကြား ကြားရုံလေသံနှင့် ပြောသည်။

"မိန်းကလေးတွေက သူတို့ကို ရိုးရိုးရှင်းရှင်းနဲ့ ရင်ခုန်အောင် လုပ်နိုင်တဲ့ ယောက်ျားလေးတွေကို သဘောကျကြတယ်"

Bai Yu က ပြောပြီး မျက်ခုံးပင့်ပြကာ ဆရာကြီးမျက်နှာပေးလုပ်လိုက်သည်။ Li Yan ကလည်း ခေါင်းတညိတ်ညိတ်လုပ်ရင်း Bai Yu ပြောတာ ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။ ထိုအချိန်တွင် ချောင်းဟန့်သံနှင့်အတူ တစ်စုံတစ်ယောက်က Bai Yu ၏ ခေါင်းကို အုပ်ကိုင်လိုက်ပြီး နောက်ကို ပြန်ဆွဲလိုက်၏။

"ဘာတုန်းကွာ စကားပြောနေတာကို"

Bai Yu က ပြောရင်းဆိုရင်း လက်ကို ပုတ်ထုတ်လိုက်ပြီး စားပွဲပေါ်မှ ကော်ဖီဘူးကို ယူသောက်နေသည်။ Li Yan ကတော့ Bai Yu ကို သူ့မျက်နှာနားမှ ခွာစေလိုက်သော လက်ပိုင်ရှင် Zhu Yilong ၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ Yilong က သူ့ကို ကြည့်မနေသော်ငြား တလောကလုံးကို အလိုမကျသည့်ပုံစံဖြင့် ထိလုမတတ် တွန့်ချိုးထားသည့် မျက်ခုံးများ နှင့် တင်းတင်းစေ့ထားသည့် နှုတ်ခမ်းတို့ကို မြင်ကာ Li Yan တစ်ယောက် ကျောချမ်းသွားပုံပေါ်သည်။ Bai Yu ကို ကျေးဇူးတင်စကားပြောကာ တစ်ချိုးတည်း လစ်ပြေးတော့သည်။

Bai Yu က ဖက်ထုပ်ကို ပလုပ်ပလောင်းဝါးရင်း Yilong ကို လှည့်ကြည့်သည်။ Yilong က ​လက်ထဲမှ စာအုပ်ကို အာရုံစိုက်ကာ ဖတ်နေပြီး အစားစားရန်ပင် မေ့နေပုံပေါ်သည်။ သို့နှင့် Bai Yu က သူ့ပန်းကန်ထဲမှ ဖက်ထုပ်တစ်ခုကို ယူကာ အအေးခံသည့်အနေဖြင့် မှုတ်ပေးလိုက်ပြီး Yilong ပါးစပ်နားတေ့ပေးလိုက်သည်။

"အာ ~"

Yilong က ခေါင်းမော့လိုက်ပြီး မျက်တောင်ရှည်များနှင့် အနားကွပ်ထားသော သူ၏ အလွန်လှပသည့် မျက်ဝန်းတစ်စုံနှင့် Bai Yu ကို စိုက်ကြည့်လိုက်သည်။ Bai Yu က "အာ" ဟု ထပ်ပြောကာ တူကို Yilong ပါးစပ်နား ထပ်တိုးပေးလိုက်သည်။ Yilong က ဘာဖြစ်နေမှန်းမသိသေးခင်မှာပင် အယောင်ယောင်အမှားမှားနှင့် ပါးစပ်ဟလိုက်ရ၏။

ZhuBai Short StoriesWhere stories live. Discover now