[Unicode Version]
[In Love with my Ex's Ex-boyfriend]သာယာနာပျော်ဖွယ် တီးလုံးသံက တိတ်ဆိတ်ငြိမ်သက်နေသော ခန်းမတွင်း၌ ပျံ့နှံ့နေပြီး လျှောက်လမ်းထက်မှ သတို့သမီးက လူတိုင်း၏ အာရုံကို ဖမ်းစားထားသည်။ အဖြူရောင်သတို့သမီးဝတ်စုံကို လှပစွာ ဆင်မြန်းထားသော သူမသည် ချစ်လှစွာသော ဖခင်နှင့်အတူ ကော်ဇောနီလျှောက်လမ်းထက်တွင် ညင်သာစွာ တရွေ့ရွေ့လျှောက်လှမ်းလာသည်။ လှပစွာ ခြယ်သထားသော သူမ၏ မျက်နှာကလည်း ပျော်ရွှင်မှုတို့အတိပြီးလျက်။
Zhu Yilong သည် သူ၏ ချစ်လှစွာသော အမျိုးသမီးလေးကို ငေးကြည့်ရင်း ပြုံးလိုက်မိသည်။ သူ၏ အပြုံးက လွမ်းဆွတ်ခြင်းနှင့် မြတ်နိုးခြင်းတို့ ရောယှက်နေခဲ့ပြီး မျက်ဝန်းတို့က မျက်ရည်စတို့ဖြင့် အနည်းငယ်စိုစွတ်နေခဲ့သလိုပင်။
နောက်ဆုံးတွင် နတ်သမီးတစ်ပါးနှယ် လှပသော သတို့သမီးက လျှောက်လမ်းအဆုံးသို့ရောက်ရှိလာပြီး သူမ၏ သတို့သားနှင့် မျက်မှာချင်းဆိုင် နေရာယူလိုက်သည်။ Yilong ၏ လက်များက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည့်တိုင် သူ၏ မျက်နှာက အရောင်မပြောင်းသွားခဲ့ပေ။ မင်္ဂလာဆောင်တီးလုံးသံခပ်အေးအေးက လွန်စွာနားဝင်ချိုလှပြီး ကြားရသူတိုင်းကို ကြည်နူးစေသည်။
Yilong က ပြုံးလိုက်ကာ သူမြတ်နိုးရသော အမျိုးသမီးလေးကို နောက်ဆုံးအကြိမ် .. မြတ်နိုးစွာ ငေးကြည့်လိုက်သည်။
နောက်ဆုံးအကြိမ် ..... ။
အမှန်ပင်ဖြစ်သည်။ နောက်နောင်တွင် သူမကို ထိုအကြည့်မျိုးနှင့် ဘယ်သောအခါမှ သူထပ်ကြည့်တော့မည်မဟုတ်ပေ။ သူမက တခြားသူ၏ တရားဝင်ဇနီးမယားဖြစ်တော့မည်မဟုတ်ပါလား။
သူမ၏ သတို့သားကို အလှဆုံးပြုံးပြနေသော Yang Rong က ချစ်ရသူနှင့် ပေါင်းဖက်ရတော့မည့်အတွက် အလွန်ပျော်ရွှင်နေပုံပေါ်သည်။ အချင်းချင်း ကတိသစ္စာပြုသည့် အချိန်တွင် သူမ၏ အသံက ပျော်ရွှင်ခြင်းအတိ ဖုံးလွှမ်းနေခဲ့သည်။ Yilong က နေရာတွင် တိတ်ဆိတ်စွာထိုင်ရင်း သူ၏ လက်ချောင်းများကို စန္ဒယားခလုတ်များပေါ်တွင် စည်းချက်ညီညီ ကခုန်စေကာ ခမ်းနားသော အနှီမင်္ဂလာပွဲကို သာယာသည့် တီးလုံးသံဖြင့် ပံ့ပိုးပေးနေခဲ့သည်။ ထိုအရာမှာ ယခုအချိန်တွင် သူမအတွက် သူလုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာပင်ဖြစ်သည်။
YOU ARE READING
ZhuBai Short Stories
Fanfiction[Written in both Unicode and Zawgyi font versions] ZhuBai - One Shot Collection - [2020.07.01] Story between You and Me [2020.12.24] Falling in Love with my ROOMMATE! [2020.12.30] in Love with my Ex's Ex-boyfriend [2021.01.14] A Never-Ending Love St...