နှင်းတဖွဲဖွဲကျနေတာကို အိမ်ပြတင်းပေါက်ကနေ ငေးမောကြည့်နေမိသည်။နှင်းတွေကို သူချစ်သည်။ သူ့ကိုမွေးခဲ့တဲ့နေ့က ပထမဆုံးနှင်းကျတဲ့ရက်နဲ့ တိုက်ဆိုင်နေခဲ့လို့လားမသိပါ။ နှင်းတွေနဲ့အတူ မွေးဖွားလာခဲ့သည့် သူက နှင်းတွေကို တမြတ်တနိုးချစ်ခင်သူဖြစ်လာခဲ့သည်မှာ အခုအသက်အရွယ်အထိ မပြောင်းမလဲ။
Ringtone သံနဲ့အတူ Screen ပေါ်မှာ ပေါ်လာတဲ့ Contact name ကြောင့် Chanyeol မေမေဆီက ဖုန်းမှန်းသိလိုက်သည်။
"Chanyeollie အဆင်ပြေပြေရောက်သွားပြီလား"
"ဟုတ် မေမေ ခုနလေးမှပစ္စည်းတွေအကုန်နေရာချပြီးသွားလို့ ခဏနားနေတာ"
"အဲ့ဒီမှာ နှင်းတွေအရမ်းကျနေလား"
"ဒီနေ့တော့ အရင်နေ့တွေကလောက်မများဘူးလို့ အိမ်ရှင်ဦးလေးက ပြောတယ် ...."
"နွေးနွေးထွေးထွေးလေးနေဦးနော်.."
ဖုန်းထဲကကြားရတဲ့အသံနူးနူးညံ့ညံ့ကနေတစ်ဆင့် ခံစားရတဲ့ မိခင်မေတ္တာတွေကြောင့် ရာသီဥတုအေးလည်း နှလုံးသားထဲက နွေးရသည်။
"ဖေဖေရော ဘာလုပ်နေလဲ "
'ယောကျာ်းရေ သားလေး ရှင့်ကိုမေးနေတယ်'
ဖေဖေ့ကိုအော်ခေါ်နေတဲ့ မေမေ့အသံကြောင့် သဘောတကျပြုံးမိသည်။
"သား အဲ့ဒီမှာ အဆင်ပြေရဲ့လား"
"အဆင်ပြေတယ် ဖေဖေ ...အိမ်မှာရော မေမေ စိတ်ပူပြီး ဖေဖေ့ကို နားပူအောင်လုပ်နေသေးလား"
သူစနောက်တော့ ဖေဖေက သဘောတကျ ရယ်နေသည်။
"ဟုတ်တာပေါ့ကွာ ...မင်းမေမေက သူ့သားကို တစ်ယောက်တည်း လွှတ်လိုက်ရတာ စိတ်မချဘူးဆိုုပြီး ပြောနေတာ ... ကလေးလေးဆိုတော့စိတ်ပူနေတာလေ ..သူ့သားကဖြင့် အသက်၃၀ကျော်နေပြီ"
'အသက်သုံးဆယ်မက လို့ ခြောက်ဆယ်ကျော်လဲ ကျွန်မသားလေးက ကျွန်မအတွက် အမြဲတမ်းကလေးလေးပဲ '
အနောက်ကနေလှမ်းပြောတဲ့မေမေ့စကားကြောင့် ဖေဖေက သဘောတကျရယ်နေသည်။
"ကဲပါ...အရင်ဦးဆုံးနားလိုက်ဦး နောက်မှအေးဆေး ဖုန်းဆက်လိုက် သား"
YOU ARE READING
Winter's Memoir
Fanfictionဒီဆောင်းကုန်သွားလည်း ကိုယ့်ရင်ထဲက နှင်းပွင့်လေးကတော့ မပျောက်ကွယ်တော့ဘူး အချစ်ရယ်...