❄️3❄️ 𝐹𝑖𝑛𝑎𝑙 (Unicode)

111 14 2
                                    


Christmas ရောက်ခါနီးကာလဖြစ်လို့ နေရာတိုင်းမှာ မီးရောင်စုံတွေနဲ့ နှင်းတွေကြားထဲ လှပလို့နေသည်။

ဒီနေ့အတူတူ မြို့ထဲက Shopping Mallကို Christmas Treeအတွက် အလှဆင်ဖို့ ပစ္စည်းတွေတူတူသွားဝယ်ကြဖို့ စဉ်းစားထားသည်။

"ဟိတ်"

အိမ်ထဲက ထွက်လာတာနဲ့ အရှေ့မှာပုန်းနေပြီး ခြောက်လှန့်ဖို့စောင့်နေတဲ့ Yifanနဲ့တန်းတိုးသည်။

"ကလေးကလားတွေ လုပ်နေတာပဲနော် ဒါရိုက်တာကြီးက"

ဘာမှမကြောက်တဲ့ပုံစံနဲ့ ပြန်ပြောတော့ စနောက်ဖို့အစီအစဉ်ပျက်သွားတဲ့သူက ပြန်ချေပသည်။

"မလန့်ဘူးလား....လန့်သွားတယ်ထင်တာပဲနော်...အာ ခဏ"

ပြောရင်းဆိုရင်း သူ့အနွေးထည်က ကြယ်သီးကိုသေချာပြန်တပ်ပေးနေသည်။

"သေချာတပ်ထားရမယ်လေ..မဟုတ်ရင် အေးနေမှာပေါ့"

သူ့ထက် အရပ်အနည်းငယ်မြင့်တဲ့ သူရဲ့ သေချာအာရုံစိုက်ပြီး တပ်ပေးနေတဲ့ မျက်နှာချောချောကို မသိမသာ ခိုးကြည့်နေမိသည်။

"ပါးတွေရဲလာတာပဲ...အရမ်းအေးလို့လား"

သူ့မျက်နှာကို မြင်တဲ့ Yifanက စိတ်ပူဟန်နဲ့ အလန့်တကြားထပြောတော့ ရင်ထဲ ဒိန်းကနဲ ဆောင့်ခုန်သည်။

"အာ...မဟုတ်..ပါဘူး"

[ ငါဘာလို့ဒီလိုတွေဖြစ်နေတာလဲ..တကယ်ပါပဲ...ရှက်လိုက်တာ]

အရှေ့ကနေ ရှက်ရှက်နဲ့ပြေးထွက်သွားတဲ့ကောင်လေးကို ကြည့်ရင်းပြုံးနေတဲ့ အနောက်ကကောင်လေးကို အကယ်၍ အဲ့ဒီနားက ဖြတ်သန်းသွားခဲ့ရင် တွေ့မြင်ရပါလိမ့်မည်။

________________________

"Yifan ဒီမီးသီးလေးကို ဒီမှာတပ်ရင်လှမလား"

တစ်ဖက်မှာ အလှဆင်နေတဲ့ Yifanကိုလှမ်းမေးတော့ အပြုံးလှလှတွေနဲ့ ခေါင်းငြိမ့်ထောက်ခံသည်။

နှစ်ယောက်သားတက်ညီလက်ညီ ..ရယ်လိုက်စကားပြောလိုက်နဲ့လုပ်လိုက်တာ အချိန်အများကြီးသိပ်မယူလိုက်ရပဲ လှလှပပလေး ပြီးမြောက်သွားသည်။

Winter's MemoirWhere stories live. Discover now