Part(37)

7.5K 416 56
                                    

[Unicode] 💙💙💙

Jungkook တစ်ယောက်အောက်ပိုင်းကနာကျင်မှုနဲ့အတူ မနက်နေရောင်ခြည်ကြောင့်နိုးလာရတယ်။ နိုးနိုးချင်းမြင်လိုက်ရတာက သူအရမ်းကိုလိုချင်တောင်းတနေခဲ့ရတဲ့မျက်နှာလေး သူ့ရဲ့ Hyung ကအိပ်‌ေနတာတောင်ဆွဲဆောင်မှုရှိနေသေးတာ သူဘယ်လိုလုပ်စိတ်ချရမှာလဲ Hyung ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းဆီကိုလက်လေးနဲ့ တို့ထိတို့ထိလုပ်ရင်း Jungkook တို့အကြိုက်‌‌တွေ့နေလေရဲ့ သူအလိုမကျတဲ့အခါကြမျက်နှာကဆူပုပ်သွားသေးတာ နောက်ဆုံးအကြည့်ရောက်မိတာက Hyung ရဲ့နှုတ်ခမ်းလေးဆီကို

*နမ်းလိုက်ရင်ကောင်းမလား ... တော်ကြာနိုးသွားမှခိုးနမ်းတယ်ဆိုပြီး ပြောရင်ရှက်စရာကြီး*

သူတစ်ယောက်ထဲစဉ်းစားနေတုန်း

*တော်ပါပြီ .. ခဏလေးပဲထိမယ့်ဟာကိုသိမှာမှတ်လို့*

ဆုံးဖြတ်ချက်ကိုအခိုင်အမာချကာသူ့ Hyung ရဲ့ နှုတ်ခမ်းနဲ့သူရဲ့နှုတ်ခမ်းနဲ့ကိုထိကပ်ပြစ်တယ်။

ခဏလောက်ကြာတော့မှပြန်ခွာမယ်လုပ်တော့ ကျောကုန်းကနေပြန်ဆွဲကာ နောက်တစ်ဖန်နှုတ်ခမ်းတွေကိုထိကပ်လိုက်စေတဲ့ Hyung သူ့ခဗျာမျက်လုံးတွေပါပြူးပြီး ရှက်လည်းရှက်နေတယ် Hyung ကသူ့နှုတ်ခမ်းတွေကိုအပေါ်တစ်လှည့်အောက်တစ်လှည့် စုတ်ယူနမ်းရှိုက်ပြီးခါမှ လွှတ်ပေးတယ်။ သူမှာတော့ရှက်တာရောအသက်ရှုကြပ်တာပါပေါင်းပြီး မျက်နှာလေးကရဲလို့ အသက်ကိုလုရှူနေရင်းမှ Hyung ဆီကရီသံသဲ့သဲ့နဲ့ပြောသံလေးကြားလိုက်တယ်

Th-"ဟား ... ခိုးနမ်းတယ်ပေါ့"

အဲ့စကားကြားလို့ Jungkook မှာနားရွက်တွေပါ နီလာပြီးစောင်ပုံကြားထဲ မျက်နှာဖုံးထားလိုက်ပါတော့တယ်။

Th-"ဟေ့ .. မရှက်နဲ့လေ"

Jk-"သိဘူးရှက်တယ်"

Th-"Kookie ကလည်းနမ်းတာပဲရှက်စရာမှမလိုတာ"

Jk-"ဟာ ... မသိဘူးဗျာ ... လူယုတ်မာကြီးနိုးနေတယ်ဆိုလည်းထပေါ့လို့"

စောင်ပုံကြားထဲကလက်သေးသေးလေးထွက်လာပြီး ကိုယ့်ရင်ဘတ်ကိုလာထုနေသေးတာ တစ်ကယ်ကိုမနိုင်ဘူး

Kookie's Lovely Husband (쿠키의 사랑스러운 남편) ✅ {Completed} ✅Where stories live. Discover now