[Unicode] 💙💙💙
အခုဆိုသူတို့မိသားစုလေးကပျော်ပျော်ရွှင်ပါပဲ။ တစ်ခါတစ်လေယုန်ပေါက်နဲ့သာစိတ်ကောက်လိုက် ပြန်ချော့လိုက်နဲ့ ကျီစားနေကြတာ သူနဲ့ယုန်ပေါက်ကပြန်ပြီးလက်ထက်လိုက်ကြတယ်။ အခုနောက်ပိုင်းယုန်ပေါက်လေးက မတရားဆိုးတာ အမြဲသူ့ကိုဂျီကြတယ်။ ကိုယ့်ကိုဂျီကြလို့မရရင် သူ့ရဲ့ Namjoon Hyung ကိုဂျီကြတယ်။ တစ်နေ့နေ့လူတွေအကုန်လုံးကိုပတ်ရမ်းပြီးဂျီကြနေတာ Taekook လေးထက်တောင်ဆိုးသေးတယ်။ သားလေးကမှနဲနဲလူကြီးဆန်ပြီးတည်တည်ငြိမ်ငြိမ် နဲ့ရင့်ကျက်သေးတယ်။ ယုန်ပေါက်ကတော့ 2 နှစ်သားကလေးလေးကြနေရော တစ်ခါတစ်လေသူစားချင်တာမစားရရင်စိတ်ကောက်တတ်သေးတာ လိုက်ချော့ရတာလည်းအမော။ ဒါမယ့်လည်းမငြိုင်ငြင်ရက်ပါဘူး ကိုယ်ကအရမ်းချစ်တာကို ယုန်ပေါက်ကအခုဆိုမတရားစားလာတာ ယုန်ပေါက်ကနေ ဝက်ပေါက်လေးဖြစ်နေပြီ။ ပါးလေးတွေကဖောင်းပြီး ခန္ဓာကိုယ်ကလုံးလံုးလေးဖြစ်နေတာ အရမ်းချစ်ဖို့ကောင်းတာပဲ။ တစ်ခါခါကြရင် ကိုယ့်ကိုယ်ကိုစိတ်မထိန်းနိုင်လို့ အိမ်ယာပေါ်ကိစ္စတွေလုပ်ဖို့အစပျိုးမိရင် အတင်းရုန်းပြီးပြေးပြေးသွားတာ ဘယ်နှစ်ခါရှိပြီမသိ။ အခုရက်ပိုင်းတော့ယုန်ပေါက်လေး တော်တော်ထူးဆန်းနေတယ်။ အချိန်တိုင်းမူးဝေနေတတ်ပြီး တစ်ခါတစ်လေအစားလည်းသိပ်မစားနိုင် အန်ပဲအန်နေတယ်။ ဆေးရုံသွားပြကြည့်မယ်ဆိုတော့လည်းမရ ဆေးသောက်လိုက်ရင်ဖြစ်တယ် ဆိုတာချည်းပဲ။ အခုတောင်အစားစားနေရင်းထအန်နေလို့ ကိုယ်ကသူ့ကျောကုန်းကိုထုပေးနေရတာ ....
Th-"Kookie ရရဲ့လား ... ဆေးရုံသွားမလား"
Jk-"အော့ ... ရတယ် .. တစ်ခါလာလည်းဆေးရုံအကြောင်းပဲပြောနေတာ .. အော့"
Th-"Kookie ကလည်းဆေးရုံသွားကြည့်မှဘာဖြစ်တာလဲဆိုတာသိရမှာပေါ့"
Jk-"ရတယ် ... ရတယ် ... ဆေးရုံတော့မသွားချင်ဘူး ....."
Th-"ဆေးသောက်ရင်ဖြစ်တယ် ... အဲ့လိုပဲပြောမှာမှတ်လား"
ကြားရတာနားရည်ဝနေပြီဖြစ်တာကြောင့် သူမပြောခင်ကိုယ်ကအရင်ပြောလိုက်တော့ ကြောင်တောင်တောင်လေးကြည့်နေသေးတာ
YOU ARE READING
Kookie's Lovely Husband (쿠키의 사랑스러운 남편) ✅ {Completed} ✅
RomanceVkook Yoonmin Namjin Toptae Bottomkook Unicode & Zawgyi Start-2020 October [4] End-2021 January [9]