(Unicode ver )
At HAVANA Hotel ,
" ဒီနှစ်ရဲ့အကောင်းဆုံး Young Businessman of the Year ဆုကိုရရှိသွားတဲ့သူကတော့ S & S Company ရဲ့ CEO ဖြစ်သူ Mr. ခွန်းစစ်မာန်ပဲဖြစ်ပါတယ် ဂုဏ်ယူပါတယ် Mr. ခွန်းရေ "
( တီးတိုးပြောနေပုံ)
" Mr. ခွန်းကဒီနှစ်တော့ဆုတက်ယူမယ်ကြားတယ်နော် "
" တကယ် ? ဒီလိုပွဲဆိုသူကဘယ်တော့မှတတ်တာမဟုတ်ဘူး သူ့ကိုတွေ့ရဖို့ကတကယ်ခပ်ရှားရှားရယ် ခွန်းစစ်မာန်ဆိုတဲ့သူက ရုပ်ရည်လေးကလည်းရှိ၊ကိုယ်ပိုင်စီးပွါးရေးလုပ်ရာမှာလည်း ထူးချွန်၊အပြစ် ပြောဖွယ်ရာမရှိတဲ့ ဘော်ဒီ၊ဘိုးဘေးစဉ်ဆက်ကသုံးမကုန်နိုင်တဲ့ ဥစ္စာဓနတွေ၊တွဲလိုက်တဲ့မိန်းကလေးတွေဆိုတာလည်း ထည်လဲ။ ဒါမဲ့ကြားမိတာတစ်ခုက ဘယ်မိန်းကလေးကိုမှအတည်မတွဲပဲတစ်ညတာပဲအသုံးချတာတဲ့ ..သူ့ကိုသွားရှုပ်တဲ့သူလည်းအသေပဲတဲ့ အဲ့လိုလူမျိုး ! "
" ဟော ဟိုမှာ ဟိုမှာ မှတ်လား လာနေပြီ လာနေပြီ "
" ဝေါင်းး S & S ရဲ့ CEO ကတော်တော်ချောတာပဲ "
" တကယ်ကို ခန့်ညားမှုရဲ့အဓိပ္ပာယ်ပဲ တစ်ညတာအသုံးချခံရလည်းနည်းတာမှမဟုတ်တာ ဒီလိုပုံလေးနဲ့ဆိုသုံးပါစေ"
" မင်္ဂလာပါ ကျွန်တော်က S & S Company ရဲ့ CEO ခွန်းစစ်မာန်ပါ ။ အခုလိုမျိုးဆုရတဲ့အတွက်အရမ်းကိုဝမ်းသာဂုဏ်ယူမိပါတယ် နောက်လည်းဆက်ကြိုးစားသွားပါဦးမယ်။ ကျေးဇူးတင်ပါတယ် ။ "
" ကဲ အားလုံးပဲ Mr. ခွန်း ကို လက်ခုပ်တီးဂုဏ်ပြုပေးပါဦး"
ထို့နောက်ဆုကြေငြာသူသည်တစ်ဆုပြီးတစ်ဆုကိုမပြီးတန်းကြေငြာပေးနေတော့သည်။ခွန်းစစ်မာန်သည်ဒီလိုအရည်မရအဖက်မရပွဲတွင်ကြာကြာမနေချင်တော့ပါလေ။အရင်တုန်းကလည်းတစ်ခါမှမတက်ရောက်ခဲ့ဘူးပါ ။ အခုတောင် မိမိ၏ဖအေမတူအမေကွဲအစ်ကိုလည်းဟုတ်သလို အတွင်းရေးမှူးလည်းဖြစ်တဲ့ ကိုယ်တော်ချော သန့်သီဟနိုင်၏ အတင်းမရမက ဆော်ဩမှုကြောင့်ရောက်လာရခြင်း ။
ငါ့ကို ဒီလိုကြောင်တောင်တောင်နိုင်တဲ့ပွဲကိုတက်ခိုင်းနေသေးတယ် ဦးနှောက်များပျက်သွားပြီလားပဲ သန့်သီဟနိုင်!
YOU ARE READING
Everlasting love ( အဆုံးမရှိသော ချစ်ခြင်း )
RomanceThis is just my own creation 😗 boy x boy