UNICODE
အပိုင်း ၂
"ဒီအခန်းပါ"
"ဟုတ် ကျေးဇူးပါ"အခန်းရှေ့ထိခေါ်လာပေးတဲ့ သူနာပြုလေးကိုကျေးဇူးတင်လိုက်သည်။အခန်းတံခါးဖွင့်ရန်အရှေ့ကိုခြေလှမ်းတွေကိုပို့လိုက်ခဲ့ပေမယ့် စိတ်သာရောက်သွားပြီး ကိုယ်ကပါမလာခဲ့။ တံခါးကိုဖွင့်ပြီးနောက်ပိုင်းမြင်တွေ့ရမယ့်အရာတွေကိုကြောက်နေခဲ့တာဖြစ်ကောင်းဖြစ်နိုင်မည်။အဖြူရောင်တံခါးလေးကိုသာအချိန်အတန်ကြာအောင်စိုက်ပြီးကြည့်နေခဲ့သည်။ ပြန်လှည့်ဖို့ပြင်ဆင်လိုက်ပေမယ့် တံခါးပွင့်လာခဲ့သည်။
"ဝင်သွားလို့ရပါတယ်..လူနာအထဲမှာရှိပါတယ်"
"ဟုတ်"
* * *
အိမ်ပြန်လမ်းတလျှောက်ဟာ ပန်းရောင်အပွင့်ဖက်တွေနဲ့ဖုံးအုပ်နေသည်။ ထိုကြွေကျနေခဲ့တဲ့ပွင့်ဖက်တွေပေါ်မှာမှလမ်းလျှောက်နေခဲ့တဲ့ကောင်လေးတစ်ယောက်..။ဘောင်းဘီအိတ်ထဲကိုလက်နှစ်ဖက်ထည့်ပြီး ပျင်းအီပျင်းတွဲပုံစံနဲ့လမ်းလျှောက်လာခဲ့သည်။ တကယ့်ကိုကလေးလေးပါပဲ။တကယ်တော့ Taehyungက သူ့ကိုစာမပြနိုင်လိုစိတ်မကောင်းဖြစ်နေခဲ့တာ။
ငါ့ထက်အရေးကြီးတဲ့သူကိုရှာတွေ့ထားပြီလား Taehyung..
* * *
"ငါတို့စက်ဘီးသွားစီးကျမလား?"
"ဘယ်ကိုလဲ?"
"ချယ်ရီပင်တွေအောက်"
* * *
"ပြန်လာပါပြီ~"
ပျင်းပျင်းနဲ့ပဲအိမ်နောက်ဖေးမှာချက်ပြုတ်နေတဲ့အမေကြားအောင်အော်ပြောလိုက်ချင်းဖြစ်သည်။စီးလာတဲ့ဖိနပ်အဖြူရောင်လေးကို တံခါးဝက စင်ပေါ်တင်လိုက်ပြီး အိမ်တွင်းစီးဖိနပ်ကိုဝတ်လိုက်သည်။အခန်းဝင်ဖို့ထဲအကြံက ဟင်းနံမွှေးမွှေးလေးလည်းရရော ဘယ်ပျောက်သွားမှန်းတောင်မသိ။ လွယ်အိတ်ကိုအခန်းထဲဗုန်းကနဲပစ်ထည့်ပြီး မီးဖိုထဲကိုပြေးဝင်သွားသည်။
YOU ARE READING
Blossoms