1

156 13 4
                                    

Unicode

အပိုင်‌း ၁

ချယ်‌ရီ‌တွေ‌ကြွေ‌နေပြီ...။

မင်‌းမှတ်‌မိ‌သေးလား ငါတို့အရင်‌ကဒီအချိန်‌ဆို စက်‌ဘီးသွားစီး‌နေကြ‌လေ..။

မင်‌းရဲ့အပြုံး‌တွေကိုမှတ်‌မိ‌သေးတယ်‌..။

တသက်‌လုံးစာအတွက်‌ မင်‌းရဲ့အပြုံး‌တွေကိုမြင်‌ရရင်‌‌ကောင်‌းမယ်‌...။

‌သေချာပါတယ်‌..ကျွန်‌‌တော်‌့စု‌တောင်‌းမပြည်‌့ခဲ့ပါဘူး။ ဒီစာ‌လေး‌ရေးပြီး‌နောက်‌‌နေ့ပဲ ကျွန်‌‌တော်‌့ဘဝထဲက‌ရော၊‌လောကကြီးကပါအပြီးပိုင်‌ထွက်‌သွားခဲ့ပါတယ်‌..။

*    *    *

"Taehyung~"သူငယ်‌ချင်‌းဖြစ်‌သူရဲ့‌ခေါ်သံ‌ကြောင်‌့‌ဘေးကိုလှည်‌့ကြည်‌့လိုက်‌မိသည်‌။‌ဘောပင်‌အပြာ‌ရောင်‌‌လေးကိုလက်‌ထဲတွင်‌‌ဆော့ကစား‌နေတဲ့‌ကောင်‌‌လေးတစ်‌‌ယောက်‌ စိတ်‌ညစ်‌‌နေပုံရသည်‌။ ‌ခေါင်‌းတခုလုံးလဲရှုပ်‌ပွ‌နေတာပဲ။

"အင်‌း...‌ပြော‌လေJimin"

 Taehyung ဘက်‌ကိုလှည်‌့လာပြီးမျက်‌လုံးဝိုင်‌းဝိုင်‌းစက်‌စက်‌‌လေး‌တွေနဲ့ကြည်‌့လာသည်‌။ 18နှစ်‌အရွယ်‌‌ကောင်‌‌လေးက မယုံနိုင်‌‌လောက်‌‌အောင်‌ချစ်‌ဖို့‌ကောင်‌း‌နေခဲ့သည်‌။ဒါ‌ကြောင်‌့လဲ Taehyungချစ်‌‌နေခဲ့ရတာမဟုတ်‌လား..။

"ငါဒီပုစ္ဆာကိုမရဘူး"

လက်‌ပုပု‌လေး‌တွေနဲ့‌ထောက်‌ပြတဲ့‌နေရာကိုတချက်‌ကြည်‌့လိုက်‌သည်‌။ ‌အကြမ်‌းစာရွက်‌‌ပေါ်‌ရော ‌လေ့ကျင်‌့ခန်‌းစာအုပ်‌‌ပေါ်မှာပါ ဖျက်‌ရာ‌တွေ‌ပေပွလျှက်‌။ ဖတ်‌စာအုပ်‌ကိုဆွဲယူလိုက်‌ပြီးပုစ္ဆာကိုတချက်‌ဖတ်‌လိုက်‌သည်‌။

"ဘယ်‌နား, နားမလည်‌တာလဲ?"

"‌မေးခွန်‌းကိုနားမလည်‌တာ"

မျက်‌လုံး‌လေး‌တွေ‌ပျောက်‌သွားတဲ့အထိအားနာနာနဲ့ရယ်‌ပြလိုက်‌တယ်‌။ ငယ်‌ကတည်‌းက တွက်‌စာမှာအားနည်‌းခဲ့သူမို့ ဒီလိုကူညီ‌ပေးရတာမဆန်‌း‌တော့‌ပေ။ တခါခါ ‌မေးတဲ့သူကိုယ်‌တိုင်‌ကပြန်‌အားနားတတ်‌‌သေး။

BlossomsWhere stories live. Discover now