2020

326 19 1
                                    

"ရှောင်းကျန့်ရေ ဒါ ဘယ္နားထားမလဲ"

"အဆင်ပြေတဲ့နေရာထားခဲ့လိုက်ကွာ ငါ ပြီးမှနေရာပြန်ချမယ်"

"မင်းကလည်းနော် ငါတို့အိမ်မှာပဲနေပါဆိုမှ သပ်သပ်နေချင်ရတယ်လို့"

"ငါ့ကြောင့်မင်းတို့ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့ပါကွာ"

"သောက်ပိုစကားကစလာပြန်ပြီ မင်းတယောက်လာနေလို့လည်းငါတို့အိမ်ကချက်ချင်းကြီးတော့ကျုံ ့ဝင်မသွားဘူး ရှောင်းကျန့်"

"မင်းကလည်းကွာ ငါဘာလို့ဒီနေရာလေးမှာနေချင်လည်းသိရဲ့သားနဲ့"

"သိတယ်လေ ဖွန်ကြောင်ချင်လို့လာနေမှန်း ဟိုကကောမင်းကိုသိလို့လား"

"မသိလို့ပေါ့ကွ အဟမ်း အိမ်နီးနားချင်းမိတ်ဆွေဖြစ်သွားရင်တော့လည်းနည်းနည်းပါးပါးသတိထားမိချင်မိလာမှာကွ"

"တွေးနေလိုက် စောက်တလွဲတွေ ယဉ်နေလိုက်စိတ်ကူးတွေ မင်းပါးပါးကအိမ်မှာအချိန်ပြည့်ရှိပါတယ်လို့မင်းကိုဘယ်သူကပြောလဲ"

"စကားမရှည်နဲ့ လိုရာဆွဲတွေးကျန်းမာရေးပဲ ငါကရှိဆိုရှိလိုက်"

"ဆုတောင်းလေ ဟိုကမင်းလင်မို့လို့လား"

"ကျန်းချန် မင်းပြန်ပြောလိုက်စမ်း"

"ဟမ် ငါပြောတာဘာမှား မွား"

"ထပ်ပြော ငါ့လင်လို့ ဟီး ကြားရတာအရသာရှိလိုက်တာ ငါ့လင်တဲ့"

ေဩာ်..ဆေးမမှီတော့ဘူး ကျွတ်...ကျွတ်...ကျွတ်...။

"ဒါနဲ့ မင်းတို့ကဘယ်roleလဲ"

"ငါက Top သူက bottom"

ကျန်းချန်စကားပင်ဆက်မပြောတော့..စိုက်၍သာကြည့်နေလိုက်သည်။

"ကျန်းချန် မင်းအကြည့်ကိုပြင်လိုက်"

"ရှောင်းကျန့်ရာ မင်းကွေးပါများလို့ကောက်သွားတာလား ကိုယ့်ပုံစံကိုလည်းပြန်ကြည့်ဦး လေတိုက်ရင်တောင်သစ်ကိုင်းလှမ်းဆွဲနေရတဲ့ခန္ဓာကိုယ်နဲ့Topနေဦးမယ်တဲ့ တေလာကလုံးကsemeတွေအော်ရယ်ကုန်လိမ့်မယ်"

"မင်းနော် အချင်းချင်းကိုကပ်ဖဲ့မနေနဲ့"

"ဆုတောင်းလေ ဘာမှအချင်းမချင်းဘူး ငါကသိပြီးသားဘာဆိုတာကို
မင်းသာပေါက်ကရဖြစ်နေတာ"

ခ်စ္ရပါေသာ ဝမ္အလုံးWhere stories live. Discover now