Jhopeတစ်ယောက်မြေနေရာကိုသဘောကျနေမိသည်။ဒီမြေကိုကြိုက်တာကြောင့်ဝယ်ဖို့ဆုံးဖြတ်လိုက်သည်။
"ဝယ်မယ်.......ချိတ်ပေးပါ။"
ပွဲစားကိုပြောတော့ပွဲစားကလက်ခံကာမြေပိုင်ရှင်ကိုလှမ်းခေါ်သည်။JHOPEကတော့စောင့်ရမှာဖြစ်တာကြောင့်Yoongiဗိုက်ဆာမှာစိုးလို့စားသောက်ဆိုင်သွားဖို့ဆုံးဖြတ်လိုက်သည်။
"ကျနော်တို့ဒီနားခဏသွားဦးမယ်။ခင်ဗျားစောင့်နေပေးပါ"
ပွဲစားကခေါင်းငြိမ့်ပြတော့Jhopeကားဆီဦးတည်လိုက်သည်။ကားပေါ်ရောက်တော့မုန့်တွေပေပွနေအောင်စားနေတဲ့Yoongiကိုတွေ့တော့Jhopeစိတ်ပျက်စွာသက်ပြင်းချမိသည်။
"Babyကလည်းကွာ.....ညစ်ပတ်နေတာပဲ"
Yoongiကတော့သူ့ကိုအဖက်မလုပ်.....စားချင်တာသာဆက်စားနေသည်။ချောကလက်စားနေတာဆိုတော့.....မျက်နှာမှပေပွနေတာပေါ့....
"ရော့......သုတ်လိုက်"
Jhope wet tissue ကိပေးကာပြောတော့Yoongiကမယူပဲမျက်နှာလွှဲကာ
"မသုတ်ဘူးးး"
Jhopeလည်းစိတ်ညစ်ညစ်နဲ့Yoongiလက်ထဲကမုန့်ကိုဆွဲလုကာအပြင်ကိုလွှင့်ပစ်လိုက်သည်။
"ဟာ......ဘာလုပ်....အွတ်...မလုပ်....ချင်"
Jhopeလည်းနှုတ်ခမ်းမှာပေနေတဲ့ဟာတွေကိုWet tissue နဲ့သုတ်တော့ခေါင်းကိုယမ်းခါကာငြင်းဆန်နေသည်။Jhopeကတော့အလျော့မပေးပဲအတင်းအကြပ်သုတ်မှပြောင်သွားသည်။
"ဟွန့်.....သန့်အောင်နေရင်လုပ်စရာမလိုဘူးးးး"
"ကိုကို...ကိုမုန်းတယ်......"
"တကယ်လား"
"ဟုတ်တယ်"
Jhopeလည်းဆူပုတ်နေတဲ့နှုတ်ခမ်းကိုဖွဖွလေးနမ်းလိုက်ကာ
"မုန်းသေးလားးး"
"ဟွန့်......မုန်းတယ်"
Jhopeလည်းရီကာထပ်နမ်းလိုက်သည်။
"အခုရော....မုန်းသေးလား"
"နည်းနည်းမုန်းသေးတယ်"
မျက်နှာလေးပြုံးကာပြောတော့Jhopeကြွေရပြန်ပြီပေါ့ဒီမျက်နှာလေးးးး။Jhopeလည်းပါးဖောင်းဖောင်းတို့အားအုပ်ကိုင်ရင်းနှုတ်ခမ်းအစုံကိုဖိကပ်ကာ......အပေါ်နှုတ်ခမ်းကိုစုပ်ယူလိုက်သည်။Yoongiဘက်ကလည်းတုန့်ပြန်လာတာကြောင့်Jhopeအပြုံးတို့နှင့်အတူအချိန်အတော်ကြာသည်ထိအနမ်းတို့ကမရပ်စဲခဲ့။Jhopeလည်းအောက်ဆီဂျင်လိုလောက်ပြီထင်မှလွှတ်ပေးကာ

YOU ARE READING
EXTREME CLEEAN MAN AND EXTREME DIRTY BOY(complete)
Romanceအသန့်ကြိုက်တဲ့ကိုကိုHopeနဲ့အာပေတူးးးးညစ်ပတ်အိုးလေးBABY yoon