Remained Memory

499 31 2
                                    

Zawgyi Version

ဒီနေ့လည်း မျက်လုံးနှစ်လုံးစဖွင့်ကတည်းက မင်းကိုလွမ်းတယ်။ အချိန်တွေ၊အမူအကျင့်တွေမတူ၊ ဘာသာစကားတွေကွဲပြားတဲ့ နေရာမှာမင်းလေး အဆင်ပြေပါစေ။ ဝိုးတဝါးကျန်နေခဲ့တဲ့ မှတ်ဥာဏ်အပိုင်းအစတွေထဲကလိုမျိုးတော့ ခုလက်ရှိမင်းလေးက သိပ်ပြီးစိတ်မကြီးတော့ဘူးမလား။ နေထိုင်ရာပတ်ဝန်းကျင်ကအိမ်နီးချင်းတွေ၊ အလုပ်ခွင်ထဲကလူတွေနဲ့လည်း အဆင်ပြေပါစေကွာ။
ဒီနေ့လည်း မင်းကိုလွမ်းရင်းနဲ့ ဆုတောင်းပေးမယ်နော်.....။

ဘာတွေဆိုလိုချင်နေတာလဲ..၊ ဘာသက်ဆိုင်လို့ဒီလိုတွေပြောနေတာလဲလို့ မင်းမေးချင်နေမယ်ဟုတ်။
အဲ့အတွက် ကိုယ်ရှင်းပြပါရစေ...။
အလုံးစုံနားထောင်ပြီးတဲ့နောက်မှာ မင်းနားလည်မယ်လို့မျှော်လင့်ပါတယ်။

အရှေ့တောင်အာရှမှာရှိတဲ့ မြန်မာလို့ခေါ်တဲ့နိုင်ငံမှာ ကိုယ်မွေးဖွားလာခဲ့တယ်။ သယံဇာတတွေပေါကြွယ်ပြီး သိပ်ကိုလှပတဲ့နိုင်ငံလေးပေါ့။ ရာသီဥတုကတော့ မင်းလေး နေတဲ့နေရာနဲ့ တော်တော်ကွာတယ်။ပြီးတော့ အယူဝါဒတွေ၊အစားအသောက်တွေကလည်း တစ်မျိုးစီပါပဲ။ ထားပါ၊ ဒါတွေကိုနောက်မှမင်းကို အလည်ခေါ်ရင်းနဲ့ ကိုယ်သေချာပြောပြပါ့မယ်။

ကိုယ်မွေးဖွားလာတုန်းက ကိုယ့်မိဘတွေဟာပျော်လွန်းလို့ ငိုတောင်ငိုခဲ့ကြတယ်တဲ့။
အသက်လေးဆယ်နီးပါးမှ ရလာခဲ့တဲ့အသွေးအသားဆိုတော့ ကိုယ့်ကိုထားစရာနေရာမရှိအောင် ချစ်ကြတယ်။ ဒီ့တွက် ကိုယ်ဟာတော်တော်လေး ကံကောင်းခဲ့ပါတယ်။

စကားပြောတတ်ခါစ အရွယ်ရောက်လာတဲ့ကိုယ်ဟာ မိဘတွေမျှော်လင့်ထားသလို၊တခြားကလေးတွေလို "ဦးတော်"တို့ "မန်မန်" ဆိုတဲ့စကားလုံးတွေကိုမပြောခဲ့ဘူးတဲ့ကွာ။

ကလေးမို့လို့စကားမပီသေးတာပါ လို့ထင်ကြပေမယ့် လေလုံးကွဲအောင်အသံထွက်လာတဲ့အခါမှာ သူတို့အံသြသွားကြတယ်လေ။ ရုပ်မြင်သံကြားကလာတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေကိုအကြည့်များတဲ့ အိမ်နားကအဒေါ်ကြီးကိုယ့်ကို လာကြည့်တဲ့အခါမှာတော့ ရှင်းလင်းသွားတယ်။

"ကလေးက အဖေကို ကိုရီးယားလိုခေါ်နေသလိုပဲ"တဲ့

ဟောဗျာ..
မင်းလေးက မယုံဘူးလား။ဒါဆို ဆက်ပြောပြမယ်။

𝐑𝐄𝐌𝐀𝐈𝐍𝐄𝐃 𝐌𝐄𝐌𝐎𝐑𝐘Where stories live. Discover now