"ကလင်..ကလင်"(ဖုန်းမြည်သံ)
"ဟယ်လို"
တစ်ဖက်ကဖြေကြားလိုက်သောကောင်းလေးတစ်ယောက်၏အသံမှာအနည်းငယ်စိတ်လှုပ်ရှားနေပုံရသည်။Pam-"ဟဲ့မသာ..အခုF4 thailand treaserပြပွဲလာတော့မယ်လေနင်လိုင်းပေါ်မတတ်လာသေးဘူးလား"
Winသိလိုက်ပါပြီ။ဒါဟာစွာတေးလန်မှမိpamရဲ့အသံဆိုတာ.....
Win-"ဟဲ့ငါ့လင်အကြောင်းငါသိတာပေါ့...ငါအခုဘာလုပ်နေတယ်နင်ထင်လဲ"
Pam-"ပြောပါဦးဘာလုပ်နေတာလဲ"
Win-"ငါဇီဇ၀ါပန်းသွား၀ယ်ပြီးဘုရားကိုကပ်နေတာ။ပြီးရင်ငါတရားထိုင်ရဦးမှာဟ"
Pam-"ဘာ..နင်ကHa..Ha..နင်ကဘုရားရှိခိုးတယ်Oh My Godသားကြီးဘယ်လိုဖြစ်လို့"
Pamမယုံသလိုမေးတော့winစိတ်ထဲကကြိမ်ဆဲလိုက်သည်။မသာမဒီကအစစ်မနဲ့ရိုက်ထားတဲ့vedioကိုကြည့်ဖို့စိတ်တည်ငြိမ်အောင်မနက်ကတည်းထိုင်မရထမရဖြစ်နေတဲ့ဒီဖင်ကိုငြိမ်အောင်ဇီဇ၀ါပန်းသွား၀ယ်ပြီးဘုရားကိုဖင်ဘူးတောင်းထောင်ပြီးဦးချကန်တော့နေပါတယ်ဆို(တစ်ခြားတော့မဟုတ်ပါဘူးkiss senceတွေနည်းပါစေဆိုပြီးဟဲဟဲ 😂)ဒါတင်ဘယ်ကမလဲတရားကလည်းထိုင်ရသေးတယ်ဗျမသိပါဘူးဗျာစိတ်ကရွစိရွစိနဲ့ဒီနေ့တစ်နေ့လုံးအဆင်ကိုပြေမနေပါဘူး..Win-"အေးဟုတ်တယ်..ပြီးရင်lineတတ်လာမယ်ဒါဘဲမလား"
Winစိတ်မရှည်စွာပြောလိုက်မိသည်။တစ်ဖက်ကမိပန်ကိုဆက်မပြောပါနဲ့တော့ဟူသာwinဆုတောင်းနေမိသည်။နို့မို့ဆိုဒင်းက"က" ကနေစပြောပြီးရင် "အ"အထိမပြောရရင်မနေနိုင်တဲ့သူတရားထိုင်ဖို့အချိန်ကရှိသေးတယ်လေ...
Pam-"အေးပါနင်မြန်မြန်တတ်ခဲ့"
ဟူးတော်ပါသေးရဲ့။ငါ့သူငယ်ချင်းလေးဒီနေ့စိတ်ကောင်းနေတယ်ထင်တယ်ဟိဟိ😁..
မကြာပါမယ်တ၀င်းရဲ့မျှော်လင့်ချက်တွေပြိုကွဲခဲ့ရပြန်သည်။
Pam-"ဒါနဲ့လေ.."
အူး၀ါး😭😭ငါဘာလို့မိပန်ကိုချီးကျူးမိသွားပါလိမ့်ဒီပါးစပ်က။တရားထိုင်ရပါဦးမယ်ဆိုနေ..မသာမအချိန်ကိုမရရအောင်ဆန့်နေသလားဟ...
