Part 11

3.2K 197 24
                                    

Unicode

ခွင့်လွှတ်တယ်...မောင်

ရှောင်ကျန့်နိုးလာတော့သူ့ကိုရင်ခွင်ထဲထည့်ပြီးအိပ်နေတဲ့မောင့်ရဲ့မျက်နှာချောချောကိုကြည့်နေလိုက်သည်သူကြည့်လို့ဝမှ

" ဝမ်ရိပေါ် ထစမ်း ရိပေါ်"

"အာ အချစ်ကလည်းမောင်အိပ်နေတယ်လေ "

"ထတော့မအိပ်နဲ့တော့"

"ခဏပဲလာပြန်အိပ်ကြမယ်"

"မင်းထအခု မင်းညကျရင်ကိုယ့်အိမ်ကိုပြန်တော့"

အဲ့ခါကျမှကုန်းရုန်းထပြီ

"ဟမ် အချစ်ဘာဖြစ်လို့လည်း ဒါအချစ်အိမ်ဆိုဒါလည်းမောင့်အိမ်ပဲပေါ့ ဘာဖြစ်လို့လည်း"

"ဘာဖြစ်ရမှာလည်း မင်းဘာလို့ငါ့ကိုလာဖက်အိပ်လည်းပြီးတော့ဖက်လုံးခံထားတာကိုဘာလို့ဟိုဘက်ကိုထားလိုက်လည်း"

"အာ အချစ်အဲ့တာမောင်မထားဘူး မောင်က‌အချစ်ထက်အရင်အိပ်ပျော်သွားတာလေ"

"အော် အဲ့တာဆိုငါကပဲဟိုဘတ်ကိုထားလိုက်တယ်လို့ပြောချင်တာလား"

"အဲ့တာတော့ဘယ်သိပါ့မလဲထားချင်ထားမှာပေါ့"

"ဘာ!!!"

"မဟုတ်ဘူးအချစ် မောင်ကအိပ်ရေးကြမ်းသွားလို့နေမယ် မောင်မှားတာအဲ့တာနောက်ဆိုဆင်ခြင်ပါ့မယ် အချစ်နဲ့အိပ်မယ်နော်"

မောင့်မျက်နှာမဲ့နေတာကြောင့်သူထပ်မစပေ။တကယ်ကြီးသွားအိပ်ရင်ဘယ်လိုလုပ်မလဲနော့်။

" အဟမ်းအဲ့တာဆိုလည်းဒီတစ်ခါတော့ခွင့်လွှတ်လိုက္မယ် ငါ့ကအဖြောင့်နော်"

"အံမယ် လာကြွားနေသေးတယ် မောင်လည်းအဖြောင့်ပါရှည်တောင်ရှည်သေးတယ်"

"မင်းဘာစကားပြောတာလည်း"

"မောင်ပြောတာကတောင့်တောင့်ဖြောင့်ဖြောင့်အရပ်လည်းရှည်တယ်အဲ့တာကိုပြောပါတယ် အချစ်ကဘာထင်လို့လည်း"

"ငါ ငါလည်းအဲ့တာပဲထင်တာပါ ဖယ် ဖယ် မျက်နှာသွားသစ်တော့မယ် ဒီနေ့အားရှောင်လေးကျေင်းပိတ်ရက်မို့အပြင်သွားမလို့"

You've reached the end of published parts.

⏰ Last updated: Feb 11, 2021 ⏰

Add this story to your Library to get notified about new parts!

ခွင့်လွှတ်တယ်...မောင် (Wrong)Where stories live. Discover now