Sweet December

929 81 14
                                    

Unicode

Taehyung အိပ်ရာကနိုးတာနဲ့ သတိရတာက Hoseok Hyung ကို... Daegu ကပြန်လာကတည်းက သူ့ကိုရှောင်နေသလား အောက်မေ့ရ လောက်အောင် ဝေးဝေးနေတဲ့ အချစ်ကလေး.... သူ ဘာဖြစ်လို့ စကားတွေနည်းသွားမှန်း ရှောင်နေမှန်း
Taehyung မသိ...တော်ရုံခံစားချက်တွေကို မပြောတတ်တဲ့သူမို့ အသာ လွှတ်ပေးထားရင်း စောင့်ကြည့် နေတာ.... အခုတော့ ပစ်ထားလို့မဖြစ်တော့.... ဒီနေ့ Dec 29 လေ... အရင်နှစ်တွေ ဒီအချိန် ကိုယ့်အနား
အမြဲရှိတဲ့သူ...ခင်ဗျားလေးကို ချစ်ရလွန်းတဲ့ ကျွန်တော်က ပျော်ရွှင်ခွင့်ကို ခင်ဗျားလေးဆီကပဲ လိုချင်တာမို့...။

" Hoseok Hyung... Jimin.. "

အခန်းတံခါးကို ခပ်သာသာခေါက်ရင်း Taehyung
အသံပေးလိုက်တော့ Jimin ကတံခါးလာဖွင့်သည်။

" မင်း.. မျက်နှာရောသစ်ခဲ့ရဲ့လား.."

" သွားပါတိုက်ခဲ့တယ် ..."

ညစ်ကျယ်ကျယ် ပြန်ဖြေပြီး အခန်းထဲအတင်းတိုးဝင်ခဲ့
လိုက်သည်။ ညကဝတ်အိပ်ထားတဲ့ Pajama နဲ့ ခေါင်းစုတ်ဖွားဖြစ်နေတာ ကိုယ့်ဟာကိုယ်သိသည် ။

" Jimin.....Hoseok Hyung ရော "

သပ်ရပ်နေတဲ့ကုတင်...အိပ်ရာနိုးရင် သူ့ကိုလာနိုးနေကျ Hyung ကအခုဘယ်ရောက်နေလဲ..။

" ထမင်းစားခန်းထဲ သွားနှင့်ပြီ... ငါအဝတ်လဲနေလို့..
သွား အဝတ်လဲပြီး ပြန်လာခဲ့.. Breakfast အတူ
သွားစားကြမယ်.."

Taehyung ဘာမှပြန်မပြောပဲ ထွက်ခဲ့လိုက်သည်။
Hyung က ကိုယ့်ကို သပ်သပ်ရပ်ရပ်လေးပဲ မြင်ချင်မှာလေ..။
သူပြန်လာတော့ အခန်းရှေ့မှာ ဆော့နေတာလား ကလိနေတာလား မသဲကွဲတဲ့ Jimin နဲ့ Jungkook ။
Daegu ကနေ ပြန်တဲ့နေ့က အသည်းအသန်
ရန်ဖြစ်တာ သူတို့ မဟုတ်တဲ့အတိုင်း...။

" ဟေ့ကောင်တွေ.. သွားမယ်.."

သူ စိတ်မရှည်စွာ အော်ရင်း ထွက်ခဲ့လိုက်တော့ Jungkook ပြေးလာပြီး သူ့ကျောပေါ် ခုန်တတ်သည်။

" Kookie... ဆင်း အခု ဆင်း... ပြသနာမရှာနဲ့ ...
အခုဆင်းပါဆို..."

Jimin က Jungkook ကို နောက်မှလှမ်းရိုက်လိုက်
တော့ ဟိုကလေးကပြုံးဖြီးဖြီးနဲ့ ပြန်ခုန်ချသည်။

My Vope Story Where stories live. Discover now