In Every Life

1.1K 81 3
                                    

Unicode

" ငါပြန်လာမှာ​နော်...Joon "
   " Hoba... Hoba.. Hoba... "

   " အစ်ကို..အစ်ကို..."

Namjoon အိမ်မက်ကလန့်နိုးလာ​တော့ ဇနီးသည်ဖြစ်သူ Yuumi က သူ့ပခုံးကိုလှုပ်ခါနိုး​နေသည်။

   " အိမ်မက်ဆိုး​တွေ မက်ပြန်ပြီလား "

   " နည်းနည်း.. သမီးအိပ်တုန်းပဲလား "

   " အင်း..စောပါ​သေးတယ်.. အစ်ကို ပြန်အိပ်ချင်အိပ်
     ​လေ .. မီ မနက်စာသွားလုပ်နှင့်မယ်.."

Yuumi ကသမီးကို​စောင်ချုံ​ပေးပြီး ​​နေရာမှထသွား
သည်။ Namjoon ​ခေါင်းငြိမ့်ပြရင်း သုံးနှစ်အရွယ်
သမီးငယ်​လေး Kim Somi နားလှိမ့်သွားကာ သမီးကို
ဖက်ထားလိုက်သည်။

ငါဘယ်လိုလုပ်ရမလဲ Hoba... မင်းနဲ့ပြန်​​တွေ့ဖို့ ...
လွန်ခဲ့တဲ့​ငါးနှစ် အဲ့အိမ်မက်​တွေ စမက်​တော့ ငါအရူး
ထပြီး အိမ်​ထောင်ပြုတာ မင်းရဲ့​နောက်ဆုံးစကားကို ယုံကြည်​နေခဲ့လို့ပဲ... ဒါ​ပေမဲ့ ခုထိ ငါတို့ပြန်မဆုံနိုင်​သေးဘူးလား.. မင်းမရှိ​တော့တဲ့ ဒီရှစ်နှစ်မှာ ငါ​ရော
Taehyung ​ရော မင်းအတွက်​ကောင်း​ကောင်းမွန်မွန်
​နေထိုင်ခဲ့တယ်...  Taehyung ခုပြန်​ရောက်​ပြီး Busan မှာ တာဝန်ကျ​နေတာ တစ်နှစ်ရှိသွားပြီ
Hoba... သူ မင်းကို သတိတရနဲ့ ချစ်​နေဆဲပဲ...

" Ring...Ring....Ring..."

   " Hello "

သမီး နိုးသွားမှာစိုးရိမ်စွာ ဖုန်းကိုအ​ပြေး​လေးယူထူးလိုက်သည်။

   " Hyung ကိုနိုးမိသွားလို့ ​တောင်းပန်ပါတယ်​နော်..
      ကျွန်​တော် အိမ်မက်​တွေထဲ ငိုရင်းနာကျင်​နေလို့.."

Taehyung အသံကငိုသံစွက်​နေသလား.. နှစ်သိမ့်နိုင်ဖို့ အားယူသက်ပြင်းချမိသည်။

   " အာ..Taehyung ဒီ​နေ့ပြန်လာမယ်ဆို.. ​ရောက်
      တာ​စောရင် Hoba ကိုသွား​တွေ့ကြမယ်​လေ "

    "  ဟုတ် Hyung.. အစ်မ Yuumi နဲ့ Somi ​
        ​လေး​ရော ​နေ​ကောင်းကြလား...
        ည​နေစာ Hyung တို့အိမ်မှာစားမှာ​နော်..
        အစ်မကို​ပြောထားဦး.."

    " အင်း.. ​သြော် ​အေး... မင်း​ရောက်ရင်ဖုန်းဆက်..
      ငါ့ရုံးခန်းဖုန်းမရရင်.. Jungkook ဖုန်းကို​ခေါ် "

My Vope Story Where stories live. Discover now