Chapter 3

429 51 28
                                    

Mae ကို ဆိုင်းဝိုင်းကူ ခင်းပေးပြီး သားအမိနှစ်ယောက် မီးမီးYim ကိုမနက်စာကျွေးရင်း ခဏထိုင်နားနေစဥ် ဆိုင် ရှေ့ ကားတစ်စီးရောက်လာသည်မို့ကြည့်တော့ Pete  မနေ့ကလိုပဲ Dali ပါလာရင် ကျွန်တော်မသွားဖို့ဆုံးဖြတ်လိုက်သည်။

"Ae"

ဆိုင်ထဲဝင်မလာပဲ အပြင်ကနေ Ae ဆိုပြီး ခေါ်နေတာမို့ကြည့်တော့ Yim ကလည်း လူပေါ်ကို ဘက်ကနည်းရောက်လာသည်။Pete ချစ်သူက ကျွန်တော်လား Yim လားတောင်မခွဲတတ်တော့ဘူး

"ဦးဦး Pete ဆီ သွားမယ် "

"အေး အေး Mae သားခဏသွားဦးမယ်နော်"

မီးမီးလေးကို ချီပြီး Pete ဆီကို ရောက်တော့ Pete က မီးမီး Yim ကို လှမ်းနမ်းပြီး သူချီဖို့ လက်လှမ်းသည်။တကယ်ဆို Pete ကျွန်တော့်ကို အရမ်းနမ်းသင့်တာမဟုတ်ဘူးလား လိုက်ဖို့ လှုပ်ယွနေတဲ့ မီးမီး Yim ကို counter မှာထိုင်‌ေနတဲ့ P'Nat လက်ထဲထိုးပေးပြီး Pete လက်ကိုဆွဲကာ အိမ်အပေါ်ထပ်ကို ခေါ်တော့

"သား Pete ကိုစိတ်ဆိုးနေတာလား"

"မဟုတ်ဘူး Mae ပြောစရာရှိလို့ ပြီးရင်ပြန်ဆင်းခဲ့မယ်နော်"

"အေးအေး "

အောက်မှာ မီးမီး Yim ကလိုက်ဖို့ငိုနေပေမဲ့  ပုံမှန်ဆို ခေါ်လာမှာ ဒါပေမဲ့ Pete မှ Pete  ဖြစ်နေတာမို့ မီးမီးကို Ae သဘောမကျချင်

"Ae~~~~Ae မီးမီး Yim ငိုနေတယ်လေ အ...Ae~~~ ဘာဖြစ်နေတာလဲ"

Pete ကို ခုတင်ပေါ်တွန်းချလိုက်ပြီး သူပြောနေတာတွေ ပြန်မဖြေအားသေး တံခါးကို လော့ခ်ချကာ Pete ကို စိုက်ကြည့်လိုက်သည်။

"နမ်း ငါ့ကို နမ်း"

"Hum "

"နမ်းလေ N'Yim ကိုကျနမ်းပြီး ဘာလို့ ငါ့ကို မနမ်းတာလဲ Pete"

Ae အော်လိုက်လို့ လန့်သွားတာ မှန်ပေမဲ့ Ae စကားကြောင့် သိလိုက်ပါပြီ Ae ဟာလေ ကိုယ့်တူမနဲ့တောင် အပြိုင်အဆိုင် အူတိုနေတယ်

Ae ပုခုံး‌ေပါ်ကို လက်တင်ပြီး Ae ရဲ့နှုတ်ခမ်းတွေ ကို အရင်စုပ်ယူလိုက်တော့ Ae နှုတ်ခမ်းတွေ တွန့်ကွေးအောက်ပြုံးလိုက်တယ်ဆိုတာ ကျွန်တော်မြင်လိုက်သည်။Ae စိတ်ဆိုးပြေသွားပြီပေါ့ နမ်းနေရာမှာ ခွာလိုက်တော့ Ae ကချက်ချင်း ကျွန်တော့် ကို ခုတင်ပေါ်လှဲပစ်ကာ အပေါ်က အုပ်မိုးရင်း အနမ်းတွေ ဆက်ပေးနေလျှက်

Again(AePete) Complete Where stories live. Discover now