Chapter 14

146 24 20
                                    


Unicode

အပေါ်ထပ်ကိုပြေးတတ်သွားပြီး အခန်းတံခါးကိုလော့ချကာ ကုတင်ပေါ် လှဲချလိုက်မိသည်။ဒါက အိပ်မက် တစ်ခုပဲ Pete မင်းထတော့ ဒီအိပ်မက်ကြီး က ဆိုးဝါးလွန်းတယ် Pete မင်းထတော့ မင်းထသင့်ပြီ

"ထတော့ Pete ဒါကအမှန်မဟုတ်ဘူး "

ဒါက အိပ်မက်ကြီးပါ ကျွန်တော် Ae ကို လုံးဝ လမ်းမခွဲပေးဘူး လုံးဝ လုံးဝ ပဲ

*Ring......*

Phone Ringtone သံကြောင့် အလျှင်အမြန်ပဲ Phone Screen ကိုကြည့်မိတော့ Ae လေ ကျွန်တော့်မျက်ရည်တွေကိုပွတ်သုပ်လိုက်ပြီး စကားပြောဖို့ အချိန်ကောင်းကောင်းယူလိုက်ရပြန်သည်။တုန်ယင်နေတဲ့ အသံတွေကို အတတ်နိုင်ဆုံးထိန်းပြီး

"Hello Ae good evening "

"Hello Pete ကိုယ်အခုဆေးရုံမှာ Mae ဆေးရုံတင်လိုက်ရလို့လေ ဒါပေမဲ့ အရမ်းစိုးရိမ်စရာတော့မလိုဘူး ဒီတစ်ညလောက် ဆေးရုံတတ်ရမယ်ပြောတယ်"

"ဗျာ.......ကျွန်.....ကျွန်တော်လာခဲ့ရမလား Ae"

"Pete ရတယ်မနက်ဖြန် ဆေးရုံဆင်းမှပဲ အိမ်ကိုလာလိုက်လေ အခုက မိုးချုပ်တော့မှာ "

"ဟုတ်Ae ဂရုစိုက်နော်.......ကျွန်တော်ဖုန်းချလိုက်တော့မယ် Ae ဒါပဲနော် "

Ae ဆီက ဘာတုံ့ပြန်စကားကို မှမစောင့်ဘဲ ဖုန်း ချလိုက်သည်။အခု ဆေးရုံတတ်ရတာလဲ ကျွန်တော့်ကြောင့်ပဲမဟုတ်လား daddy လုပ်ရပ်ကြောင့် အခုလိုတွေ ဖြစ်ရတာ daddy အကြောင်းပြချက်ကကျွန်တော့် အတွက်လေ အရာအားလုံးရဲ့ တရားခံကကျွန်တော်ပဲ Ae တို့မိသားစုလေးကို ဒုက္ခ ရောက်အောင် လုပ်တာကျွန်တော်ပဲ

အဲ့နေ့ကသာ Ae စက်ဘီးနဲ့ မတိုက်မိခင် ကားနဲ့တိုက်မိပြီး သေသွားသင့်တာ ကျွန်တော် လူတွေ အများကြီးကို တကယ်ဒုက္ခပေးမိနေတာပဲ ကျွန်တော်က တကယ်မကောင်းတဲ့သူပဲဗျာ

မျက်လုံးတွေ ကျိန်းစက်လာပေမဲ့လဲ အငိုမရပ်နိုင်ဘူး Ae တို့မိသားစု မှာ ကျွန်တော် မသိသေးတဲ့ အခက်အခဲတွေ ရှိနေနိုင်တာပဲ ရင်းနှီးမြှုပ်နှံ မှု တစ်ခုအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်အကြီးကြီးတွေ ထား ထား လိုက်ကြမလဲ Ae Mae ဆေးရုံတတ်ရလောက်အထိ  ဖြစ်သွားတော့ ကျွန်တော် မသိသေးတဲ့ ကိစ္စတွေ အများကြီးရှိနေနိုင်တာပဲ မလား

Again(AePete) Complete Donde viven las historias. Descúbrelo ahora