သွေးနဲ့ရေးတဲ့ချစ်ခြင်း..10

1.4K 112 1
                                    

မွေးကင်းစသားလေးနဲ့ပင်ပန်းနေတဲ့ဝေ့ရင်းအနားမှာနေပေးချင်ပေမဲ့စစ်ဗျူဟာတွေကြည့်ရှုနေရတာမို့လန်ကျန့်အတော်ညဥ့်နက်မှအဆောင်ပြန်ရသည်...
ရောက်ရောက်ခြင်းကလေးကိုဘေးနားမှာလက်တဖက်နဲ့ခပ်ဖွဖွဖက်ထားပြီးအိပ်မောကျနေတဲ့ဝေ့ရင်းကိုတွေ့ရတယ်.....

အိပ်ပျော်နေတဲ့နေတဲ့ဝေ့ရင်းရဲ့ဆံပင်လေးကိုသပ်ပေးဖို့လက်လှမ်းလိုက်တာနဲ့ဖျတ်ခနဲမျက်လုံးပွင့်လာတဲ့ဝေ့ရင်း...

"ငါ့သားကိုမထိနဲ့..."

"ကိုပါဝေ့ရင်း..."

"လန်ကျန့်လား..ငါတခြားသူထင်လို့..."

ဝေ့ရင်းကိုကြည့်ပြီးသူစိတ်မကောင်းဖြစ်ရသည်...
"ကိုရှိတယ်အိပ်လိုက်နော်..."

"အင်းငါပင်ပန်းနေလို့ခဏအိပ်လိုက်ဦးမယ်..သားကိုဂရုစိုက်နော်...."

စိတ်မချဖြစ်နေတဲ့ဝေ့ရင်းကိုအသာခေါင်းငြိမ့်ပြပြီးကလေးကိုချီရင်းလမ်းခဏလျှောက်ရန်ပြင်လိုက်သည်....

"ကျွတ်..ကျွတ်...သားလေးကိုပါပါးကစိတ်မချဖြစ်နေတာ...ခမည်းတော်သိပ်မယ်နော်..."

"အဲ့..ဝူး.."

"ဘာတွေပြောနေတာ...သားသားကခမည်းတော်ကိုစကားတွေပြောနေတာလား...ဟားဟား..အိပ်တော့ညနက်မှနိုးလာပြီးစကားတွေပြောချင်နေတဲ့ကောင်လေးကွာ..."

"ခစ်..ခစ်.."

"ခမည်းတော်ရဲ့အသည်းနှလုံးလေးအိပ်ပါတော့ကွယ်...ကျွတ်..ကျွတ်.."

ခဏအကြာကလေးအိပ်ပျော်သွားတာနဲ့စီစဥ်ပေးထားတဲ့ပုခတ်ပေါ်သေချာနေရာချပြီးဝေ့ရင်းဘေးကိုဝင်လှဲရင်းအိပ်စက်လိုက်တော့သည်...

နံနက်အာရုံတက်ချိန်မှာ​နန်းတော်ထဲကအချက်ပေးစည်သံဟာကျယ်လောင်စွာထွက်ပေါ်လာတယ်.....

"ကျူးကျော်သူတွေတိုက်ခိုက်လာပြီဟေ့.."

ဆူညံသံတွေကြောင့်သားအဖသုံးယောက်လုံးလန့်နိုးလာကြတယ်....

"အဲ.....အင့်...အူဝဲ...."

"တိတ်ပါသားရယ်...တိတ်ပါ ပါပါးရှိတယ်တိတ်နော်..."

သွေးနဲ့ရေးတဲ့ချစ်ခြင်း(Completed)Where stories live. Discover now