(Unicode)
'Kim Seokjin!ငါမင်းကိုမချစ်ဘူးလို့
ဘယ်နှစ်ခါပြောရမလဲ။ထွက်သွား အခုချက်ချင်း
ငါ့အရှေ့ကထွက်သွား!'ခါးသီးပြတ်သားလွန်းသည့် Jungkookရဲ့
စကားကြမ်းများကြောင့် Jinနှလုံးသားလေး
တစ်စစီကြေကွဲပျက်စီးခဲ့ရပြီ။'တောင်းပန်ပါတယ် ချစ်တာမို့ မင်းကိုသိပ်ချစ်တာမို့အခွင့်အရေးလေး
တစ်ခါလောက်ပေးပါJungkookရယ်။
လွန်ခဲ့တဲ့နှစ်နှစ်ထဲကမင်းအပေါ်သိပ်ချစ်ခဲ့ရတဲ့
လေးနက်တဲ့အချစ်တွေမို့ လျစ်လျူမရှုပါနဲ့ Jungkookရယ် နာကျင်ရလို့ပါ အရမ်းကိုနာကျင်ရလို့ပါ။'မျက်ဝန်းထဲမှမျက်ရည်များသည်လည်း
ပါးပြင်ပေါ်တစ်လိမ့်ချင်းကျဆင်းလာရသည်။
အောင့်တက်လာသည့် အချစ်တို့အရင်းခံရာ နှလုံးသားတစ်နေရာကို လက်ဖြင့်ဖိရင်းရှိုက်ကြီး
တငင်ငိုကြွေးမိသည်။ရင်ကွဲပက်လက်ဆိုတာ ဒါမျိုးလား။'ဟက် သိပ်ချစ်တယ်ဟုတ်လားKim Seokjin။
မင်းအိမ်မှာမှန်ရှိတယ်ဆိုရင် မင်းရဲ့ကျက်သရေမရှိတဲ့
မျက်ခွက်ကို မှန်ထဲမှာသေချာကြည့်ပြီး စဉ်းစားကြည့်စမ်းပါ။ငါ့ရဲ့Boyfriendဖြစ်ဖို့ မင်းမှာဘာအရည်းအချင်းတွေရှိလဲလို့ ဟက်'မျက်ရည်များသာအဆက်မပြတ် ကျဆင်းသည်အထိ
တုံပြန်စကားများမဲ့နေခဲ့မိသည်။ ဝဋ်ကြွေးများ
ကြီးမားခဲ့သည်ထင်။အသွားအပြန်ရှိသည်လို့
ယုံကြည်ခဲ့မိသည့် ချစ်ခြင်းမေတ္တာများသည်လည်း
Jinအပေါ်မှာတော့ ရက်စက်စွာပင် ကွေ့ရှောင်သွားခဲ့သည်။Jinမှာအချစ်ခံရဖို့ ကံတရားများမွဲခဲ့သည်ထင်ပါတယ်။'ဟက် ပြောစရာစကားတွေမရှိလောက်အောင်ကို
ငါပြောတာတွေကမှန်နေလို့လားKim Seokjin
မင်းကိုလေးနက်တဲ့စကားတစ်ခွန်းငါပြောခဲ့မယ်
အရာရာမှာနိမ့်ကျတဲ့မင်းလိုလူတစ်ယောက်ကို
ငါဘယ်တော့မှမချစ်ဘူး။အဲ့လိုဘဲ ဘယ်သူမှလည်းမင်းကိုချစ်လာမှာမဟုတ်ဘူး။ဘာလို့လဲသိလား မင်းကသုံးစားမရတဲ့ အပယ်ခံတစ်ယောက်မို့လို့ဘဲ။'အဆက်မပြတ်ကျဆင်းလာသည့်မျက်ရည်များဖြင့်
ဝေးကွာသွားသောJungkookရဲ့ ကျောပြင်ကိုသာ ဝိုးတဝါးကြည့်နေမိသည်။ဖမ်းဆီးဆုပ်ကိုင်ထားခွင့်မရှိသည့် လေပြည်တွေလို Jungkookက အဝေးဆုံးကိုထွက်သွားခဲ့ပြီ။
YOU ARE READING
Because of love that hurt[Kookjin]
Fanfictionအချစ်ရယ်... ဘဝတစ်ခုလုံးကိုပါရပ်တန့်သွားဖို့ မင်းကလွှမ်းမိုးနိုင်ခဲ့ပါတယ်။