(Unicode)
မျက်ဝန်းများဖွင့်မိချိန် မရင်းနှီးသောအဖြူရောင် မျက်နှာကျက်တစ်ခုကြောင့် Jin အသက်ရှူသံများမြင့်တက်လာခဲ့သည်။
'Jinသတိရလာပြီလား Hyungဘယ်လောက်တောင်စိတ်ပူခဲ့ရလဲ မကြံကောင်းမစည်ရာကလေးရယ် Hyungကိုကတိပေးအခုလိုထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါကလေးငယ်ရယ်'
ယူကြုံးမရစွာငိုကြွေးနေသည့်
Hyunရဲ့မျက်ရည်များကြောင့် Jinအားနားစိတ်များဝင်လာကာ Hyungကိုသနားမိသည်။Hyungက သူ့ကိုအဲ့လောက်တောင်ချစ်တာဘဲလား။'Jin!သတိရလာပြီလား
ငါတို့ဘယ်လောက်တောင်စိတ်ပူခဲ့ရလဲ Jinရယ် မင်း~မင်းကို ငါတို့ဆုံးရှုံးလိုက်ရပြီ
ထင်နေတာ ထပ်မလုပ်ပါနဲ့တော့နော် အခုလိုထပ်မလုပ်ပါနဲ့တော့Jinရယ်'ဆေးရုံအခန်းတွင်းသို့ရုတ်တရက်ဝင်လာပြီး
မျက်ရည်တို့ဖြင့်စိတ်ပူနေရှာသည့် Jiminက
သူငယ်ချင်းကောင်းပီသသူပင်။
အားနာမိသည်။ချစ်ရသူတိုင်းကိုပျော်ရွှင်စေချင်တဲ့
Jinကအခုတော့ဖြင့် သူကိုယ်တိုင်ဘဲ
ချစ်ရသူတွေကိုမျက်ရည်ကျစေခဲ့သည်။'Hyung~~Jimin ကျွန်တော်ဘယ်လိုလုပ်ပြီး
ဒီ~ဒီကိုရောက်နေတာလဲ'စကားပြောဖို့ပင်အင်အားများမရှိတော့သည်အထိ
Jinတစ်ကယ်ပင်ပန်းနေသည်။
သိပ်မုန်းသည့်ဆေးအနံ့များရှုရှိုက်နေရခြင်းကလည်း
အသက်ရှူဖို့တောင်မဝချင်။'တောင်းပန်ပါတယ်Jinရယ်
တစ်ကယ်တောင်းပန်ပါတယ် အားလုံးကငါ့အပြစ်တွေပါ ငါ့ကိုခွင့်လွှတ်ပေးဖို့
မတောင်းဆိုပါဘူး တစ်ကယ်ပါ င့ါအမှားတွေပါ။'မျက်ရည်များစွာဖြင့်အရုပ်ကြိုးပြတ်ငိုကြွေးကာ
တောင်းပန်စကားတဖွဖွဆိုနေသည့် Jiminကို
Jinကြောင်အလျက် ငေးကြည့်နေမိသည်။ဟင့်အင်း Jiminကဘာအမှားမှမလုပ်ခဲ့ဘဲ ဘာလို့တောင်းပန်နေတာလဲ တစ်ကယ်တမ်း အပြစ်ရှိတာကJinကိုယ်တိုင်ပါ။ဘာလို့
Jiminက...'Jimin အရာ~~အရာအားလုံးကိုငါခွင့်လွှတ်တာမို့
ငါကိုအကြောင်းစုံရှင်းပြပေးပါ'သိချင်စိတ်တို့ပြင်းထန်လာသည်ထင် Jinရဲ့အသက်ရှုသံများပင်မြန်ဆန်လာသည်။
YOU ARE READING
Because of love that hurt[Kookjin]
Fanfictionအချစ်ရယ်... ဘဝတစ်ခုလုံးကိုပါရပ်တန့်သွားဖို့ မင်းကလွှမ်းမိုးနိုင်ခဲ့ပါတယ်။