Part 3

363 44 56
                                    

Unicode

မနက်ခင်း မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ညီအစ်မ နှစ်ယောက်အနားကို Saint ယောင်လည်လည်နဲ့ရောက်သွားလေသည်။

"ဘာလုပ်နေကြတာလဲ"

"မနက်စာလေ"

"ဝိုး P'Rai ကိုယ်တိုင်ဝင်လုပ်နေတယ်ဆိုတော့ စားလို့ကောင်းတော့မှာဘဲ"

"ဘယ်သူက နင့်အတွက်လုပ်ပေးနေတယ်ပြောလို့လဲ"

အစားပုတ်လေးအကြောင်းသိနေသော Rai က Saint ကိုပြုံးစိစိနဲ့လှမ်းစလိုက်တော့ နောက်ကနေပြေးဖက်ပြီး ချွဲတော့သည်။

"ဟွန်း မရပါဘူးနော် မျက်စိ နှစ်လုံးပွင့်တည်းက ဗိုက်က အသံစုံမြည်နေတာကို ကိုယ့်မောင်လေးကို မရက်စက်ပါနဲ့ P'Rai ကလဲ"

"ဟဲ့ ဟဲ့ ခါးကိုလွှတ် မှောက်ကျကုန်တော့မှာဘဲ"

"မလွှတ်ဘူး ကျွန်တော့်ကို Waffle နဲ့ ကော်ဖီလုပ်ပေးမှ လွှတ်ပေးမယ် မဟုတ်ရင် ကလိထိုးမှာနော်"

"Saint sup ငါနင့်အမနော် အကြီးလို့ကော သဘောထားသေးရဲ့လား"

"ထားပါတယ် ဗိုက်ဆာလို့ဟာကို လုပ်ပေးလို့"

"အေး အေး လုပ်ပေးမယ် စားပွဲမှာသွားထိုင်နေ"

လိုချင်တာရပြီဆိုမှ Saint စားပွဲပေါ်ထိုင်ရင်း အမ နှစ်ယောက်အလုပ်ရှုပ်နေသည်ကို မေးလေးထောက်ပြီး အေးဆေးထိုင်ကြည့်နေလေသည်။တစ်အိမ်လုံးမှာ အငယ်ဆုံးဖြစ်ရတာလည်းကောင်းသား။မေမေတို့မရှိတော့တည်းက P'Rai နဲ့ P'Pen ကပဲ မိဘတွေသဖွယ် Saint အပေါ် ချော့တစ်ခါခြောက်တစ်လှည့်ဖြင့် ဂရုစိုက်စောင့်ရှောက်ကြသည်။အစ်မတွေကြားမှာ အလိုလိုက်ခံရပြီး ကြီးပျင်းခဲ့ရသည်မို့ Saint ပုံစံက နှစ်ဆယ်ကျော်သည့်တိုင်အောင် ကလေးတစ်ယောက်လို ဂျီတိုက်တတ်တုန်းပင်။

ရေနွေးအိုးဆူချိန်လောက်ကြာပြီးသည့်အခါ ကော်ဖီခွက်တွေနဲ့ waffle ပန်းကန်က စားပွဲပေါ်ရောက်လာရင်းမောင်နှမ သုံးယောက် မနက်စာစားကြတော့သည်။

You've reached the end of published parts.

⏰ Last updated: Oct 01, 2023 ⏰

Add this story to your Library to get notified about new parts!

Hired To Be MineWhere stories live. Discover now