Part 1

1.1K 55 28
                                    

Unicode

ဘန်ကောက်မြို့ရဲ့အလှဟာ ညဘက်မှာပိုပြီး စည်ကားလှသည်။လမ်းပေါ်တွင် မီးရောင်စုံတွေနဲ့ စားသောက်ဖွယ်ရာတွေခင်းကျင်းထားတဲ့ ညဈေးတွေနဲ့ပြည့်နှက်လို့နေသည်။ထိုအလှတွေကို ပိုပြည့်စုံစေတာကတော့ ဘန်ကောက်မြို့ရဲ့ နတ်သားလေးပါးလို့ တင်စားကြတဲ့ နာမည်ကျော် ၄ ယောက်တို့ရဲ့ Night Live concert များပင်ဖြစ်သည်။

မီးမှိတ်ထားသော ပွဲကြည့်စင်အောက်တွင် ကောင်မလေးများသာမက ကောင်လေးတွေပါ ရောက်ပြီး အသံကုန်ဟစ်ကာ အားပေးလျက်ရှိကြသည်။

ထိုအချိန် စင်နောက်ဘက်တစ်နေရာက နားနေခန်းတစ်ခုထဲတွင်တော့ လက်ဆောင်တွေအပြည့်ဖြစ်နေကာ ထိုလက်ဆောင်ပုံတွေကြားထိုင်နေကြသူတွေက မိန်းကလေးတွေရဲ့အသဲနှလုံးကို ဆွဲဆောင်နိုင်သည့် နာမည်ကျော် Boy band TEMPT အဖွဲ့ဝင်များပင်ဖြစ်ကြသည်။

"Perth Title Gun Plan အဆင်သင့်ပြင်ထားတော့နော် မင်းတို့စင်ပေါ်တက်ရတော့မယ်"

ပွဲစီစဉ်သူလာပြော၍ ၄ ယောက်လုံး ထရပ်ကာ သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်လိုက်သည်။

"Title မင်းပွဲပြီးရင်ဘာအစီအစဉ်ရှိလဲ"

Gun မေးခွန်းကြားတော့ Perth နဲ့ Plan ကပါ Title ကိုကြည့်လာသည်။

"ထွေထွေထူးထူးတော့မရှိဘူး သွားသောက်ကြမလား"

"အေး သွားမယ် မသောက်ရတာကြာပြီ Perth နဲ့ Plan မင်းတို့ကော လိုက်မလား"

"ငါတော့မလိုက်တော့ဘူး Mean လာကြိုမှာဆိုတော့ သူစိတ်ဆိုးလိမ့်မယ်"

"မင်းလဲလေ အဲ့ကလေးနဲ့ ရည်းစားဖြစ်ပြီးမှ ငါတို့ကိုအချိန်မပေးတော့ဘူး"

"အဲ့လိုလဲမဟုတ်ပါဘူးကွာ နောက်တစ်ခါမှပေါ့"

"Perth ရော ဘယ်လိုလဲ"

"ဘာမှလုပ်စရာတော့မရှိဘူး လိုက်ခဲ့မယ်လေ"

ပွဲချိန်စသည့်အခါ လေးယောက်လုံး ရယ်ရယ်မောမောနဲ့ပြောင်နောက်ပြီး စင်ပေါ်ကို ပြေးတက်လာကြသည်။သူတို့တက်လာသည်နှင့် မီးရောင်စုံတွေကြားထဲအော်ဟစ်အားပေးသံများကလဲပိုလို့ပင်ဆူညံသွားကြလေသည်။

Hired To Be MineWhere stories live. Discover now