☾︎𝙏𝙬𝙤☽︎

3.2K 458 28
                                    

«𝙐𝙣𝙞𝙘𝙤𝙙𝙚»

ဂျုံးဂုသည် ငယ်စဥ်တည်းက ​Italy နိုင်ငံမြောက်ဘက်ပိုင်းတွင်တည်ရှိသော  Lombardy မြို့မှာကြီးပြင်းခဲ့တာဖြစ်၏။

ခရီးသွားလမ်းညွှန်တစ်ဦးဖြစ်တဲ့ဖေဖေနဲ့
အီတလီလူမျိုးဖြစ်တဲ့မေမေတို့က
ကံအကြောင်းပါ၍ နှစ်ဦးသဘောတူ လက်ထပ်ပေါင်းသင်းခဲ့ကြပြီးနောက် မေမေ့ဆန္ဒအတိုင်း Lombardyမြို့မှာပဲ အခြေချနေထိုင်ခဲ့ကြသည် ဟုဆိုသည်။

ပြာလဲ့လဲ့မျက်ဝန်းဝိုင်းတို့နှင့် ရွှေဝါရောင်ဆံနွယ်တို့ကို ပိုင်ဆိုင်ထားသည့်မေမေက ဒဏ္ဍာရီလာမင်းသမီးလေးတွေလို ရှူမငြီးအောင်လှပါ၏။

ဂျုံးဂုသည်လဲ အမေတူသားဖြစ်တာမို့
လူပျိုပေါက်အရွယ်တည်းကပင် အီတလီနိုင်ငံက ပျိုမဒီလေးတွေကြား ပျိုတိုင်းကြိုက်သောနှင်းဆီခိုင် ဖြစ်ခဲ့သည်။

ယခု ဂျုံးဂုတို့ရောက်ရှိနေသည်က ဖေဖေ၏ မွေးရပ်မြေဖြစ်သော တောင်ကိုရီးယားနိုင်ငံ
ဒယ်ဂူမြို့စွန်ရှိ အမည်မထင်ရှားသော
ကျေးရွာငယ်လေးတစ်ရွာဖြစ်၏။

တစ်ရက်ထက်တစ်ရက် ကျန်းမာရေးချူချာလာသောဖေဖေက "မွေးရပ်မြေကိုပြန်ပါချင်သည်" ဟု ဆိုလာသောကြောင့် ဂျုံးဂုက တက်လက်စတက္ကသိုလ်ကို တစ်နှစ်နားကာ ဖေဖေ့အားအနီးကပ်ပြုစုစောင့်ရှောက်ရန် လိုက်လာခဲ့ခြင်းဖြစ်သည်။

မေမေကတော့ အီတလီမှာပဲ ကုပ္မဏီလုပ်ငန်းတချို့ကို ဦးစီးဦးဆောင်ပြုရင်းကျန်ခဲ့၏။

ဆုံးပါးသွားပြီးဖြစ်တဲ့ ဖေဖေ့မိဘတွေက
ရွာသူကြီးအမျိုးအနွယ်ဖြစ်တာကြောင့်
ဂျုံးဂုတို့သားအဖအား တစ်ရွာလုံးက
အလေးထားကာ တရိုတသေဆက်ဆံကြသည်။

ရွာကိုရောက်နေတဲ့ နှစ်လကျော်ကာလအတွင်းမှာ ရွာသူရွာသားများ၏ အကူအညီတောင်းမှုကြောင့် စာမေးပွဲဖြေရတော့မည့် အထက်တန်း
ကျောင်းသူကျောင်းသားများအား
ဂျုံးဂုက အခမဲ့ ကျူရှင်သင်ပေးဖြစ်ခဲ့၏။

အယောက်သုံးဆယ်လောက်ရှိတဲ့ ထိုကျောင်းသားတွေထဲမှာမှ ဂျုံးဂု သဘောကျနှစ်သက်ခဲ့မိတဲ့ ကောင်လေးနာမည်က ကင်မ်ထယ်ယောင်း ။

You Broke Me First ||KV||Where stories live. Discover now