☾︎𝙀𝙞𝙜𝙝𝙩☽︎

2.7K 410 68
                                    


«𝙐𝙉𝙄𝘾𝙊𝘿𝙀»





"ထယ်စောရာ မင်းပဲစဥ်းစားကြည့်.. အေ့"

ထယ်ယောင်းက မျက်လုံးတွေနီရဲပီး အာလေးလျှာလေးဖြစ်လာတာကြောင့်် တကယ်ကို မူးနေပီဖြစ်ကြောင်း ထယ်စောသိလိုက်သည်။

ဘီယားလေးနှစ်ဘူးသောက်ပီး ပလပ်ကျွတ်နေတဲ့ သူငယ်ချင်းကိုကြည့်ပြီး သူ့ခမျာ ရယ်ရခတ်ငိုရခတ်။

"ဟျောင့် ! ဘာရယ်တာလဲ !  ငါကဟာသရုပ်ပေါက်နေလို့လား ဟုတ်လား! ဒီလောက် နုဖက်အုအက်ပီး လှ ပ ချော မောတဲ့ မျက်နှာလေးက ဟာသရုပ်ပေါက်နေလားလို့!"

ပြုံးစိစိဖြစ်နေတဲ့သူ့အား ထယ်ယောင်းက အလိုမကျဘူးထင်။ ဆဲကာဆိုကာဖြင့် အနားမှာရှိနေတဲ့ ဘီယာဘူးအခွံနဲ့ ကောက်ပေါက်သည်။

"မရယ်တော့ဘူး... မင်းမကြိုက်ရင်မရယ်တော့ဘူး ဟုတ်ပီလား.. စိတ်လျှော့စိတ်လျှော့"

"အေး အဲ့လိုလိမ္မာစမ်းဘာ..  သားကြီးရ.. အေ့..
ငါမင်းကိုရင်ဖွင့်စရာရှိတယ်..သိလား.. နားထောင်ပီးရင် မင်းငါ့ကိုမလှောင်ရဘူးနော် .. "

"အေးပါကွာ.. ငါဘယ်တုန်းက မင်းကိုလှောင်ခဲ့ဖူးလို့လဲ"

"အခြောက်ကတိတည်ပါစေနော် ပင်ကီပလော့မစ်စ်  .. "

[ပင်ကီ ပလော့မစ်စ် = Pinky Promise]

"ယောက်ျားကတိပါကွာ ... ဘယ်ကအခြာက်ကပါလာရပြန်တာလဲ "

"မင်းက ငါ့ကိုကြိုက်နေတာလေ အဲ့တော့အခြောက်ကတိပေါ့ "

"ဂေး လောက်ဆိုတော်ရောပေါ့ .." ဟု ပြောရန်ပြင်လိုက်ပေမယ့် ရုတ်တရက်ကြီး မျက်ရည်တွေဝဲလာတဲ့ အာပေတူးလေးကြောင့် သူ့အလိုကျ ခေါင်းသာငြိမ့်ပြလိုက်ရသည်။

" ငါ.. ငါ့.. ဒီနားကအရမ်းနာနေတယ် ..သိလား.. ထယ်စော.. မွမ်းကျပ်လွန်းလို့ အသက်ရှူရတာတောင်..  ပင်ပန်းတယ်...  "

ထယ်ယောင်းက ရင်ဘတ်ငယ်အား လက်သီးဆုပ်နဲ့ တဒုန်းဒုန်းထုရင်းဝမ်းနည်းပက်လက် ငိုကြွေးသည်။

ချစ်ခြင်းတရားက သိပ်ကို လေးနက်ဆန်းကြယ်ပုံရ၏။

ဒီလူက  ဘဝကြီးတစ်ခုလုံးပုံပေးပီး ချစ်ခြင်းမေတ္တာတွေ အလျှံအပယ်ထုတ်ပြထားတာကျတော့  "ငါတို့ကသူငယ်ချင်းတွေပဲ" ဆိုပီး ထယ်ယောင်းငယ်က မသိကျိုးကျွံပြုသည်။

You Broke Me First ||KV||Where stories live. Discover now