အပိုင်း-၁

66 8 1
                                    

ယန်ဇီမြစ်ခေါ်ချန်ကျန်းမြစ်သည် အနောက်ပိုင်းတိဘက်ကုန်းပြင်မြင့်များရှိရေခဲမြစ်များဆီမှာ မြစ်ဖျားခံလာပြီး မိန်းမပျိုလေးတစ်ယောက်ရဲ့ ညင်သာကကြိုးပမာ နူးနူးညံ့ညံ့စီးဆင်းနေလေသည်။

မြစ်ဝှမ်းရဲ့ ချယ်ရီပင်တန်းရှိရာ သိုင်းလောကရဲ့အဓိကကျရာ ဝူကျင်းမြို့လေးရဲ့ ညည့်သန်းခေါင်ဟာ အခါတိုင်းနဲ့မတူ လှပစွာလှုပ်ရှားနေသည်။ မိန်းမပျိုငယ်တို့ဟာ ရိုးရာအထည်ဆန်းတို့ကိုဝတ်ဆင်လျှက် ဆံစတို့့ကိုဖဲပြားတို့စည်းနှောင်လျှက် အနီနီ အဝါဝါ တောက်ပကာမီးပုံးငယ်တို့ကို ကိုင်ဆောင်ထားရှိကြသလို အမျိုးသားပျိုတို့မှာလည်း ဓားသိုင်း ယှဉ်သူ ၊အမျိုးသမီးတို့၏မီးပုံးကိုင်ဆောင်ပေးလေသူ၊တို့နှင့် စည်ကားနေလေသည်။

သိုင်းလောကတွင်စာချိုးတစ်ခုရှိသည် ။
"ရှင်လျှက်သေချင် ဝူချန်တက် ၊ ပျော်လျှက်နေချင် ဝူကျင်းသို့လား" ဆို၍ပင်ဖြစ်သည်။

ဆိုလိုသည်မှာ ဝူချန်တောင်တောင်တွင်မှု သိုင်းလောကရာဇာ လော့ယဲ့မင်၏ အထိန်းချုပ်အောက်တွင်သာရှိစေရပြီး အပြင်လောကနှင့်ထိစပ်မှုလုံးဝမရှိပေ။ဝူကျင်းမြို့တော်တွင်မူ နယ်စားမင်း၏သားဖြစ်သူ ကျန်းဟွားလီ ရဲ့ ဦးဆောင်မှုဖြင့် ပျော်ရွှင်စွာနေတတ်ကြပြီး ရာထူးအာဏာခွဲခြားခြင်းလည်းမရှိသလို တစ်နှစ်တစ်ခါ ချယ်ရီပင်စိုက်ပျိုးခြင်းနှင့် ဆုတောင်းမီးပုံးလွှတ်ပွဲတို့ကို ကျင်းပလေ့ရှိသည်

"ကျန်းသခင်လေး နက္ခတ်မကောင်းဘူး ဘယ်လိုလုပ်ကြမလဲ"

"အရင်ကတည်းက တွက်ပြီးသားကို ဘယ်လိုဖြစ်တာလဲ "

"ကျွန်တော်လည်းမသိဘူး သခင်လေး"

"သန်းခေါင်ယံအချိန်ကလည်းရောက်တော့မယ် ကြည့်လုပ်ကြတာပေါ့"

ကောင်းကင်ယံဝယ် အမှောင်အငွေ့အသက်တို့က တဖြေးချင်း ဝင်ရောက်နေလေသည်။
ယန်းဇီမြစ်ရဲ့ကြေးမုံပြင်မှာ အညှိုးပြင်းတဲ့ နဂါးတစ်ကောင်ရဲ့ ပုံသဏ္ဌာန်အလား တိမ်လိပ်တို့ဟာ ရုတ်ချည်းပြောင်းလဲကာ နေလေသည်

"အရှင် တောင်ခြေမှာ ဘာဖြစ်တယ်မသိဘူး"

"တွေ့တယ် လုံယိ.အမှောင် ထုကအရမ်းစိုးမိုးနေတယ် ဒီမှာ ကြည့်"

The Bride of LegendaryWhere stories live. Discover now