အပိုင်း-၂

16 4 0
                                    

ဤမျှလောက်ကျိန်စာလွှမ်းမိုးမှုတို့ဟာ လော့ယဲ့မင်ရဲ့ ဓားတစ်ချက်ဝေ့ရုံနှင့်ပျောက်ကွယ်မည်မှန်းသိသော်လည်း ဝူချန် ကျမ်း ကိုင်ဆောင်သူမှသာ ဤအရေးကိုဖြေရှင်းနိုင်မည်၊ အခြားတစ်ပါး‌‌သူဝင်စွက်ဖက်ပါက နှလုံးသွေးအန်ရလိမ့်ဟု‌ သော တဘောင်ရဲ့မိန့်ဆိုထားမှုကြောင့်  ကျန်းသခင်လေး ဆိုသူကို လိုက်ရှာရန်ပါဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်သည်။

ဝူကျင်းမြို့ဟာ အတော်ပင်ပြောင်းလဲသွားသည်။ ယခုဘဝသို့မဝင်စားမှီအချိန်က  မိမိမှာ ဝူချန်တောင်တလွှားတွင်ကျက်စားသော သန့်စင်သောနဂါးမင်းဖြစ်ခဲ့သည်။ ကျိန်စာဆိုးတစ်ခုကြောင့် ကြွေလွင့်ခဲ့ရပြီး နောက်တဖန်မွေးဖွားလာသောအခါတွင်မူ သန့်စင်သောတောင်တော်သခင်မ၏ သားတော်အဖြစ်မှ ဧကရာဇ်လော့ယဲ့မင်ဖြစ်လာခြင်းပင်။
သမာဓိတရားတို့ကြောင့် ရှေးဘဝအဖြစ်အပျက်တို့ကို အလုံးစုံမြင်ရသော်လည်း တစ်ခုတည်းသော အနီရောင်လင်းတန်းငယ်နဲ့တူရိယာသံကိုတော့ကြားယောင်ရ‌ပါသော်ညား လူအကောင်အထည်ကိုမမြင်ရပေ။ထိုနည်းတူစွာ ကျိန်စာကိုပယ်ဖျက်ရန်ကိုလည်းစဉ်းစားမရ။
တရားတွေကျင့်ကြံကာ ကြိုးစားလိုက်တိုင်း နှုတ်ခမ်းဝမှ သွေးချောင်းစီးကာရင်တွင်းအစုံ နှလုံးသားမှာ တဆစ်ဆစ်နာကြင်ရတဲ့အတွက်ကြောင့် မကြိုးစားဖြစ်တာ နှစ်အတော်ရှည်ကြာခဲ့သည်။

လော့ယဲ့မင် မြေပြင်သို့သက်ဆင်းသောအခါ ကျိန်စာလွှမ်းမိုးမှုတို့သည် ရောက်နှင့်နေပြီးဖြစ်သည်။ အကောင်အထည်မပြသော်လည်း အပြာရောင်မီးတောက် မီးစတို့မှာ နေရာအနှံ့ ပြန့်နေလေပြီ။
သခင်မနတ်ကွန်းကိုဦးတည်သောကြောင့် ကျိန်စာနတ်ဆိုးရဲ့အစွမ်းမှာတော်ရုံမဟုတ်ပေ။

မီးထဲဝင်ရန်လုပ်သော်လည်း ကျန်းဟွားလီရဲ့ ဖရိုဖရဲပုံစံဟာ ယဲ့မင် စိတ်အစုံကို ရင်သပ်စေသည်။
န‌မော်နမဲ့ နဲ့ သစ်သားတန်း‌တို့ ပြုတ်ကျစေသောကြောက့် အတန်ကြာမသုံးဖြစ်ခဲ့သည့်မိမိ၏ အလင်းကဲ့အလျင်အစွမ်းကိုပင် မသိစိတ်တို့ကဦးညွတ်ကာ ကွယ်ရာ လမ်းဘေးတစ်နေရာရှိ အပွင့်ဖြူဖြူဇီဇဝါပင်ရုံ ဆီသို့ဆွဲခေါ်မိလေသည်။

You've reached the end of published parts.

⏰ Last updated: Jan 06, 2021 ⏰

Add this story to your Library to get notified about new parts!

The Bride of LegendaryWhere stories live. Discover now