Ep : 1

8.7K 590 55
                                    

[ Mature Onထားပါတယ်
ဒီလောက်ဆို သိလိုက်တော့ ]

အနက်ရောင်အောက်ခံကိုမှ ငွေကြယ်ပွင့်များ တလက်လက် ကြဲချထားသည့် လိုက်ကာစများဖြင့် အလှဆင်ထားသည့် အခန်းကျယ်ကြီး ။

ပိုးသားလို နူးညံ့နေသည့် ပွင့်ချပ်များ ခြံရံထားသည့်
နှင်းဆီနက်များထိုးထားသည့် အနက်ရောင် ကြွေပန်းအိုးများ ။

မဟူရာရောင် ဖန်စားပွဲနှင့် သစ်နက်သား ကုလားထိုင်များ ။

တစ်ခန်းလုံးကို အနက်ရောင်များအတိ လွှမ်းခြုံထားသည်မှာ စိတ္တဇဆန်ဆန် မှော်ဆန်ဆန် အငွေ့အသက်များ ပြည့်နှက်နေလျက် ။

အနက်ရောင် ခြုံလွှာစောင်သည် လျောခနဲပြုတ်ကျသွားပြီး စောင်ပုံထဲမှ ဖြူဆွတ်နေသော မျက်နှာတစ်ခု ထွက်ပေါ်လာလေသည် ။
တင်းရင်းကြံ့ခိုင်သော မေးရိုးသည် ဆတ်ခနဲလှုပ်ရှားသွားပြီး နှုတ်ခမ်း အသာဟကာ တစ်ချက်သမ်းဝေလိုက်သည် ။

တောဘုရင် ခြင်္သေ့ အိပ်စက်ရာမှ နိုးထလာလေပြီ ။

Leo ခြုံစောင်ကို ကန်ထုတ်လိုက်ပြီး အိပ်ယာထဲမှ ထရပ်လိုက်တော့ အပေါ်ပိုင်းတစ်ပိုင်းလုံးသည် Naked...... (ဗလာ)

မေးရိုးအောက် လည်ပင်းအလယ်တည့်တည့်ရှိ Adam ' Appleသည် အသက်ရှုနှုန်းအလိုက် အပေါ်အောက် လှုပ်ရှားနေလေသည် ။

Leo အနည်းငယ် ပွယောင်းနေသော ဆံပင်နက်တို့ကို လက်ဖဝါးနှင့် အသာလှန်တင်လိုက်သည်မို့ ကျယ်ပြန့်ကြီးမားသော နဖူးပြင်သည် ထင်းခနဲ ။

ဖြူဝင်းတုတ်ခိုင်သော လည်ပင်းစပ်မှ မှည့်မှသည် ကျယ်ပြန့်သော ရင်အုပ် အဆီပိုမရှိ ကြွက်သားတို့ဖြင့် ပြီးပြည့်စုံသော ဝမ်းဗိုက်အထိ မျက်စိမလွဲချင်အောင် အင်္ဂါရပ်အစိတ်အပိုင်းတို့က တင့်တယ်နေစွာ ပေါင်းစည်းလျက်သား ။

Leo အိပ်ယာမှ ထလာပြီး ရေချိုးခန်းထဲသို့ ဝင်လိုက်သည် ။
ရေချိုးခန်းထဲမှ ရေဇလားသည်လဲ မဟူရာကျောက်တို့ဖြင့် အေးစိမ့်လွန်းစွာသော အထိအတွေ့တို့ကို ပေးစွမ်းလျက် ။
ဘိုထိုင်အိမ်သာသည်လည်း ထိုနည်းတူစွာ ။
[ဆောင်းတွင်းဆို ဖင်လေဖြတ်မယ့်ကိန်း :( ]

D.I.O.N.A.E.AWhere stories live. Discover now