Bang!
Immortal Phoenix တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သည့် Leader Zတစ်ယောက် သူ့ရှေ့က သစ်သားစားပွဲကို စိတ်တိုတိုနှင့် ရိုက်ချလိုက်ရာ စားပွဲတစ်ခုလုံး အက်ကြောင်းတွေ ပေါ်လာလေသည် ။
" အသုံးမကျလိုက်တဲ့ ကောင်တွေ !
Xiao Zhan တစ်ယောက်လုံး ပျောက်နေတာ သုံးပတ်ရှိနေပြီ ခုထိ ဘာမှ မကြားရသေးဘူး တစ်နိုင်ငံလုံးရဲ့ အတော်ဆုံး တပ်ဖွဲ့ရော ဟုတ်ရဲ့လား "တပ်ဖွဲ့တစ်ဖွဲ့လုံး ငြိမ်သက်စွာဖြင့် ခေါင်းငုံ့ထားမိသည် ။
ဒါကလည်း သူတို့အမှားကိုး ။Leader Zဆိုသည့် Zhao YiWeiဟာ Alphaဖခင်နှင့်မိခင်ကနေ ဆင်းသက်လာသည့် Alphaတစ်ယောက်ဖြစ်ပြီး IPတပ်ဖွဲ့တစ်ဖွဲ့လုံးရဲ့ အတော်ဆုံးခေါင်းဆောင်ဖြစ်သည် ။
ပြီးတော့ လက်ရှိ ပျောက်ဆုံးနေသည့် Agent Xရဲ့ Fianceလည်း ဖြစ်လေသည် ။
ထို့ကြောင့်ပင် ထိန်းမနိုင်သိမ်းမရအောင် ဒေါသပေါက်ကွဲနေခြင်း ။" သုံးရက် အချိန်ထပ်ပေးမယ် သူ့အကြောင်း စုံစမ်းလို့မရသေးရင် IPကနေ leaveလိုက်တော့ "
ပြောပြီးတာနဲ့ Hallခန်းပြင် ထွက်သွားသည့် Leaderကို ကြည့်ရင်း Memberတိုင်း နဖူးပေါ် ချွေးတွေ စီးကျလာတော့သည် ။
ချီး! စောက်ကျိုးနည်းရောကွာ
Leoရေ မင်း လွတ်အောင်သာပုန်းတော့ တွေ့ကြတာပေါ့ မကြာခင် !လက်ထောက်ခေါင်းဆောင် Wei Qing တစ်ယောက် memberတွေကို မချိပြုံးသာ ပြုံးပြရင်း လှည့်ထွက်လာတော့သည် ။
" ခွေးမသား ကျောက်ယိဝေ ကောင်းကျိုးမပေးတဲ့ ကောင် ! ငါယိုး "
ဆဲရေးရင်း ရစ်ဝဲလာသည့် ငွေ့ရည်တွေကြောင့် သူ မျက်တောင်တွေကို တဖျတ်ဖျတ် ခတ်လိုက်မိသည် ။
မကောင်းတဲ့အကောင် !Canola~
YiBoတစ်ယောက် XiaoZhanရဲ့ တပ်ဖွဲ့အကြောင်း စုံစမ်းဖို့ရန် Canola Barကို လာခဲ့လိုက်သည် ။
ရေခဲငွေ့တွေ ပြည့်နှက်နေသည့် YanJing Beer တစ်ခွက်ကို မော့ချရင်း ထိုင်နေချိန်မှာ ဘေးနားဝင်ထိုင်လာသည့် လူကြောင့် သူ တစ်ချက်အကဲခတ်လိုက်မိသည် ။
ပိန်ပါးပါး ထိုသူက betaတစ်ယောက်ဖြစ်လိမ့်မည် ။
အနည်းငယ် ကြည့်ကောင်းဟန်ရှိကာ ခပ်တိုတိုညှပ်ထားသည့် ဆံပင်တွေက စစ်သားမဟုတ်ရင် ရဲတစ်ယောက်ဖြစ်မည့်အသွင် ရှိလေသည် ။
YOU ARE READING
D.I.O.N.A.E.A
FanfictionJust Fan Fiction ~ OmegaVerse × M Preg 18နှစ်အောက် ဖတ်ရန် မသင့်တော်သည့် အသုံးအနှုန်းများ အပြုအမူများ ပါသဖြင့် မကြိုက်နှစ်သက်သူများ မဖတ်ကြပါရန် တောင်းဆိုပါသည် ။ ကိုယ့်စိတ်နှင့်ကိုယ် ဝင်ဖတ်ပြီးမှ Blameခြင်း သည်းခံပါ ။ Cover By KKW ThanksU Nge Lay :333