Part-14

2.3K 201 38
                                    

Unicode

yoongiသတိမရသေးတာဒီနေ့နဲ့ဆိုနှစ်ပတ်ပြည့်ပြီ။
ဘာမှပြင်းပြင်းထန်ထန်ထိခိုက်တာမရှိဘူးလို့
ဆရာဝန်တွေကပြောပေမဲ့yoongiကအခုထိသတိပြန်မလည်သေးပေ။

ဆေးရုံကုတင်ပေါ်မှာလှဲလျောင်းနေတဲ့yoongi
ကိုတွေ့တိုင်းသူ့နေရာမှာကိုယ်သာဖြစ်ချင်မိသည်။
အမှန်ဆိုအပြစ်ရှိတဲ့ကျွန်တော်ကဖြစ်ရမှာကို
ဘာလို့yoongiကဖြစ်ရတာလဲဗျာ။

ကျွန်တော်yoongiဆေးရုံတက်ကတည်းအိမ်မပြန်ပဲစောင့်နေခဲ့တာ။
ကျွန်တော်မရှိတဲ့အချိန်မှyoongiနိုးလာခဲ့ရင်
ကျွန်တော်ကိုထပ်ပြီးတော့ထားခဲ့မှာ​ကြောက်တယ်။

ဟုတ်တယ်။ကျွန်တော်ကြောက်တယ်။
ကျွန်တော့်ဘဝမှာအကြောက်ဆုံးအချိန်ပြောပါဆိုရင်
yoongiမရှိဘဲနေရမဲ့အချိန်ပဲ။

yoongiနိုးလာရင်ကျွန်တော်သူ့ကိုဘယ်လိုနည်းနဲ့မှထွက်သွားခွင့်မပြုဘူး။
အဲ့သလိုလုပ်လို့ရအောင်နိုးလာပါတော့လားသဲငယ်ရယ်...

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

မရင်းနှီးတဲ့စိမ်းသက်သက်အနံ့ကြီးကြောင့်
ကျွန်တော်မျက်လုံးဖွင့်ဖို့ကြိုးစားတော့လွယ်လွယ်နဲ့ဖွင့်မရ။
အတင်းကြိုးစားပြီးဖွင့်လိုက်တော့အဖြူရောင်မျက်နှာကျပ်။

ငါဘယ်ရောက်နေတာလဲ?

မျက်လုံးဖွင့်တာတဲ့ ထိုးကိုက်လာတဲ့ခေါင်းနဲ့နာကျင်နေတဲ့ကိုယ်ခန္ဓာ
အတင်းထထိုင်ပြီးဘေးပတ်လည်ကိုကြည့်မိတော့ဒါဆေးရုံပဲ

'yoongi !! yoongi နိုးလာပြီ'

taeကအခန်းဝကနေလှမ်းပြောရင်း ကျွန်တော့်ကိုပြေးဖက်လိုက်တယ်။
ကျွန်တော့်မှာတော့ဘာတွေဖြစ်နေတာလဲမသိသေး။

'ခဏလေးနော်ဆရာဝန်သွားခေါ်လိုက်ဦးမယ် ဘယ်မှမသွားနဲ့နော်'

ပြောပြီးအခန်းပြင်ပြန်ထွက်သွားတယ်။
အဲ့ဒီအချိန်မှခေါင်းထဲဝင်လာတာက ဖြစ်ခဲ့တဲ့အရာတွေ...

ခဏကြာဆရာဝန်တွေဝင်လာပြီးကျွန်တော့်ကိုစစ်ဆေးပေးတယ်။

'အကုန်ကောင်းပါတယ် ဒါနဲ့နာမည်က'

'min yoongi'

Unexpected love  -Taegi[Completed]Where stories live. Discover now