Zawgyi
ကျွန်တော်တို့ tripကပြန်ရောက်တာတစ်ပတ်ကျော်ကျော်လောက်ရှိပြီ။
ကျွန်တော်ပြန်ရောက်ကတည်းကtaeကိုရှောင်နေမိသည်။ဘာလို့လဲဆိုတော့...ကျွန်တော်taeဖုန်းစကားပြောတာကိုကြားခဲ့တယ်။
သူများတွေအတွက်တော့ taeပြောလိုက်တဲ့စကားဟာ
ဘာမှမခံစားရလောက်ဘူးလို့ထင်နိုင်ပေမဲ့
ကျွန်တော့်အတွက်တော့... ရင်နဲ့မဆန့်လောက်အောင်နာကျင်ရတယ်။ကျွန်တော်မှားခဲ့တာပါ။ကျွန်တော်ကိုယ်တိုင်မဖြစ်နိုင်တာတွေကို
စိတ်ကူးရင်မိခဲ့တာကြောင့် ပိုနာကျင်နေရတာပါ။ကျွန်တော် minwoo hyungနဲ့ရှိနေရင် မကြိုက်သလိုဖြစ်နေတာတွေ
ကျွန်တော်ကိုဂရုစိုက်ပေးတာတွေကြောင့် taeများကျွန်တော်အပေါ် ခံစားချက်
ရှိနေတာလားဟုတွေးကာပျော်နေခဲ့မိသည်။ဒါပေမဲ့လည်း jiminနဲ့ဖုန်းစကားပြောနေတာကို အမှတ်မထင်ကြားမိလိုက်ရတော့
ကျွန်တော်နှလုံးသားဟာ တစ်စစီကွဲအပ်သွားခဲ့ရတယ်။
သူ့အတွက်အရေးမပါတဲ့သူဖြစ်နေတာတောင်မသိပဲ
ကျွန်တော်ဟာ အရူးထပြီး ပျော်နေမိခဲ့တာလေ။ကျွန်တော်သူ့မျက်နှာမြင်တိုင်းသူပြောခဲ့တဲ့စကားတွေကိုပြန်ကြားယောင်နေမိတယ်။
ဒါကြောင့်ကျွန်တော်သူ့ကို ရှောင်နေမိခြင်းပေ။ဒါပေမဲ့ တစ်အိမ်တည်းအတူနေတဲ့လူတစ်ယောက်ကို
ရှောင်နေရတယ်ဆိုတာ သိပ်တော့အဆင်မပြေ။ဒါကြောင့်မနက်ဆိုအစောကြီးထပြီးသူမနိုးခင်ပြင်ဆင်ရတယ်။
ကိုယ်လုပ်စရာပြီးရင်သူ့အတွက် မနက်စာချက်ကာ ကျောင်းအစောကြီးသွားတယ်။
အိပ်ရင်လည်းသူအိပ်ပျော်သွားမှအိပ်ရင်အိပ် မဟုတ်ရင် သူ့ထက်အရင်အိပ်တယ်။
လူပင်ပန်းပေမဲ့ စိတ်ကိုတော့မပင်ပန်းစေချင်ဘူး။ဒါတွေကြောင့် သူ့ကိုမုန်းနေပြီလားလို့မေးရင် အင့်ဟင်း...
မမုန်းပါဘူး။နာကျင်နေတဲ့နှလုံးသားကို ခဏအနားပေးထားတာပါ။
မမုန်းလို့ပဲအခုကွင်းတစ်ခုလုံးမှာတောင် သူကိုပဲကြည့်နေမိတာပေါ့။ဒီနေ့ကျောင်းမှာ ဘတ်စကက်ဘောပြိုင်ပွဲရှိတယ်။
မလိုက်ဘူးလို့ငြင်းပေမဲ့jin hyungကအတင်းခေါ်လာတာကြောင့်ပါလာခြင်းပေ။
YOU ARE READING
Unexpected love -Taegi[Completed]
Fanfictionသူ့ကိုနှလုံးသားမှာနေရာမပေးဘဲ ပိုင်ဆိုင်ချင်တာ ကိုယ်အတ္တကြီးသွားသလား? -Kim Taehyung သူမချစ်ရင်နေပါစေ ကိုယ်ကတော့ သူ့ဘေးမှာရှိနေရရင် ကျေနပ်ပါပြီ -Min...