ချိုမြိန်သော ဝန်ထုပ်ဝန်ပိုးလေး-Part 2* Zawgyi

219 4 2
                                    


ဘွဲ့နှင်းသဘင်ခန်းမကို ရောက်သည်နှင့် ဘုန်းဘယသော် တစ်ယောက် ကျောင်းအပ်ဖို့ စတင်ရ‌ပေတော့သည်။

ကြိတ်ကြိတ်တိုးနေသည့် လူတန်းရှည်ကြီးကြောင့် သက်ပြင်းကိုပင် ပျင်းရိပျင်းတွဲ ချပစ်လိုက်ရလေသည်။

ရှေ့က ကျောင်းသား၊ကျောင်းသူ တစ်ချို့သည်ပင် သူ့နည်းတူ သက်ပြင်းချနေကြလေ၏။

ပူအိုက်နေသည့် ရာသီဥတုကြောင့် အားလုံးနီးပါး ချွေးပျံနေကြလေသည်။မျက်နှာကျက်တွင် ပန်ကာတစ်ချို့ လည်ပတ်နေသော်လည်း ရာသီဥတုကသာ အနိုင်ရလို့ နေပုံပင်။

ကျောင်းသူ တစ်ချို့သည်ပင် လိမ်းထားသော make up များ ချွေးထွက်သဖြင့် ကွက်ကုန်ကြပုံပေါ်လေသည်။

နှစ်နာရီလောက် နီးပါး စောင့်ပြီးခါမှ သူ့အလှည့်သို့ ရောက်ရှိလာလေ၏။

သို့ပေမဲ့ ကံဆိုးစွာပင် သူ့‌ ရှေ့၌ တိုးခွေ့၍ ပိတ်ရပ်လိုက်သောသူသည် ပေါင် ၂၀၀ နီးပါးလောက် ဝသော ကောင်မလေး တစ်ယောက် ဖြစ်နေလေ၏။

ခွီးးးးးးးး

သူ့ နံဘေးတွင် လာ၍ မတ်တပ်ရပ်ကာ ရယ်လိုက်သောသူသည် တစ်ခြားသူ မဟုတ်ပေ။

ဘုန်းလက်ျာပိုင်ပင် ဖြစ်ချေ၏။

ဒေါသတို့ကို တံတွေး အဖြစ် ပြောင်းကာ မျိုချလိုက်ရင်း ထိုကောင်လေးအား အကြည့် လွှဲလိုက်လေသည်။

"ဟေး... ကိုယ့် အသိ စာရေးမ ရှိတယ်၊သူ့ကို အပ်ခိုင်းပါလား၊အချိန်ကုန်တော့ သက်သာတယ်၊ဒါပေမဲ့... ပိုက်ဆံ ပိုကုန်မယ်"

ဘုန်းဘယသော်သည် ဆာလောင်နေပြီ ဖြစ်သော ဗိုက်ကို သနားသော အားဖြင့် ဘုန်းလက်ျာပိုင်၏ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်‌လေသည်။

မနက်တည်းက ကော်ဖီတစ်ခွက်သာ သောက်ရသေးသည် မဟုတ်လား။

သူသည် စိတ်မပါ၊လက်မပါဖြင့်ပင် ဘုန်းလက်ျာပိုင် ရှေ့တွင် ခါးကို ကိုင်း၍ ပျင်းရိပျင်းတွဲ လေသံဖြင့် ပြောလာလေသည်။

"ကူညီပေးပါဦး... စီနီယာ"

ဘုန်းလက်ျာပိုင်သည် ထိုကောင်လေး၏ အမူအရာကြောင့် ပြုံးမိလေ၏။

ချိုမြိန်သော ဝန်ထုပ်ဝန်ပိုးလေး(ongoing)Where stories live. Discover now