အပိုင်းအစ(၁) ချစ်ခဲ့ပါသည်...

799 48 44
                                    

#Unicode

မြူးကြွဆန်းသစ်သော ဂီတသံစဉ်များက ' Food Paradise' ဟုခေါ်သော စားသောက်ဆိုင်လေးထဲတွင် သာယာစွာပျံ့လွင့်နေသည်။ ဆိုင်အတွင်းရှိ မနုဿအပေါင်းတို့၏ သောတအာရုံကို 'Misters' ဟုအမည်ရသော တီးဝိုင်းလေးတစ်ခုက ချုပ်ကိုင်ထားလေသည်။ ငယ်ရွယ်ပြီးသွက်လက်လှသော လူငယ်အချို့ဖြင့်ဖွဲ့စည်းထားသည့် Misters band လေးက ထိုစားသောက်ဆိုင်လေး၏ အသက်သွေး ကြောတစ်ခုဟုဆိုလျှင်လည်း မမှားနိုင်ပေ။

နေ့နေ့ညည customers များဖြင့်စည်ကားလှသော food paradise လေးတွင် ညနေခင်းအချိန်လေးကပို၍ အဓိပ္ပာယ်ပြည့်ဝသည်ဟုပင် ထင်ရလောက်အောင် ထိုတီးဝိုင်းလေးက ‌ဆွဲဆောင်အားကောင်းလွန်းသည်။ အကြောင်းမှာ အဆိုပါရမီရှင်လေးတစ်ဦးဖြစ်သည့် main vocalistကလေး ခွန်မင်းမောင် ကြောင့်ဟုဆိုလျှင်လည်း မမှားနိုင်ပေ။

ရှမ်းတရုတ် ကပြားလေးဖြစ်သည့် ခွန်မင်းမောင်သည် ထိုစားသောက်ဆိုင်သို့ရောက်ရှိလာသော ပျိုကညာအပေါင်းတို့၏ အထူးဂရုတစိုက်အားပေးခြင်းကိုခံရသည်။ မျက်ရစ်မရှိသည့် မျက်ဝန်းလေးကပင် သူ၏ ဆွဲဆောင်မှုလေးတစ်ပါးဖြစ်နေပြီး ဖြူဥနေသော အသားရောင်လေးကလည်း မဒီကညာတို့၏ စိတ်အစဉ်ကို ကိုင်လှုပ်နိုင်သည့် မှော်တစ်မျိုးဖြစ်နေသေးသည်။

သို့သော် ထိုဖြူဖြူဥဥလေး၏ နှလုံးသားကို ဖမ်းဆုပ်ထားသည့် နတ်သားတစ်ပါးကလည်း တီးဝိုင်းတွင်ရှိနှင့်ပြီးဖြစ်သည်က‌တော့ မဒီပျိုမေတို့အတွက် စိတ်မကောင်းစရာတစ်ခုပင်။ ထိုသူကား Misters လေး၏ တီးဝိုင်းခေါင်းဆောင်ဖြစ်သူ Drummer ‌ ဇေရတု ပင်ဖြစ်လေသည်။ ညိုညက်ညက်အသားရောင်လေးဖြင့် ခန့်ညားလွန်းပြီး ယောင်္ကျားပီသသည့် ရုပ်သွင်က ခွန်မင်းမောင်၏ အသည်းတံခါးကို ကိုင်လှုပ်နိုင်လောက်အောင် အစွမ်းထက်လှသည်။

"ခွန်မင်း...ရော့!....မင်းအရမ်းမောသွားပြီ...."

Electric guitaristဖြစ်သူ ဟိန်းသန့်ညီက စင် မြင့်ထက်တွင် တစ်ညနေလုံး ဖျော်ဖြေထားသည့် ခွန်မင်းမောင်ကို energy drink တစ်ဘူးကမ်းပေးလိုက်သည်။

"ရတုရော??....ဘယ်ရောက်သွားပြီလဲ?...." ဟူ၍ ခွန်မင်း ပြန်မေးလိုက်လေသည်။

တစ်ခါက ခံစားချက် အပိုင်းအစလေးများ( BL one shots collection)(U+Z)Where stories live. Discover now