အပိုင်းအစ(၂): ပြန်လာခဲ့ပါ...

257 31 29
                                    

#Unicode

‌ပူပြင်းလှသော ဓာတ်ငွေ့လုံးကြီးက မညှာမတာပင် ရက်ရက်စက်စက် အပူဒဏ်များကို ထုတ်လွှတ်နေသည်။ မိုးရွာလျှင် မိုးခိုနေ၍ရသော်လည်း နွေနေ့လည်ခင်း၏အပူရှိန်ကိုကား မည်သို့ခိုလှုံရပါအံ့နည်း။ မိသားစုစားဝတ်နေရေးအတွက် ကိုယ်ကာယအား စိုက်ထုတ်နေရသော ကာယအလုပ်သမားများသည်လည်း သနားစဖွယ်ပင် သစ်ပင်၊သစ်ရိပ်အောက်တွင် ခေတ္တမျှ ဘဝအမောများကို ဖြေနေကြသည်။

ယခုအချိန်တွင် ပတ်ဝန်းကျင်ကိုကြည့်ကာ သနားနေမည့်အစား မိမိအဖြစ်ကိုယ် မိမိသနားရမလိုပင်။

"သားရှာနေတဲ့..လမ်းကဒီလမ်းမဟုတ်ဘူးကွ...ကျော်လာခဲ့ပြီ...နောက်ကိုနှစ်မှတ်တိုင်လောက်ပြန်လျှောက်ပြီး....လမ်းဆုံတစ်ခုရောက်ရင်...ဘယ်ကိုချိုးလိုက်... အဲ့လမ်းရောက်မှ..သားရှာတဲ့အိမ်ကို..မေးကြည့်လိုက်..ဟုတ်ပြီလား??..."

"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..ဦးလေး..."

ကျော်လာခဲ့ပြီတဲ့ဗျာ။ စိတ်ညစ်လိုက်တာ။ထိုလိပ်စာကိုကျွန်တော်ရှာနေသည်မှာ တစ်နာရီပင်ကျော်‌လာပြီ။ ဘတ်စ်ကားပေါ်ကစဆင်းကတည်းက လွဲနေခဲ့သော မိမိကိုယ်မိမိသာ အပြစ်တင်မိတော့သည်။ ဒေါသတွေလည်း တဖြည်းဖြည်းထွက်ချင်နေပြီ။ ကျွန်တော်ဆိုသော 'မြတ်ဘုန်းဝေ' ကဒေါသထွက်လွယ်သော သူတစ်ယောက်မဟုတ်သော်လည်း အခုတော့ အတော်လေးစိတ်ညစ်ဒေါသထွက်ချင်နေပြီ။

တစ်ယောက်တည်းလာခဲ့မိသော မိမိကိုယ်မိမိလည်း နားရင်းချည်းပဲ အုပ်ချင်လာတော့သည်။ လူချည်းပဲလာလျှင်တော့ သက်သာပေဦးမည်။အခုတော့ လက်ထဲမှာ စာအုပ်တစ်ပွေ့တစ်ပိုက်ဖြင့် ဆိုးလိုက်သည့်အဖြစ်။

အမှန်တော့ ကျွန်တော်ရှာနေသော ထိုလိပ်စာပိုင်ရှင်မှာ ကျွန်တော့်တပည့်တစ်ဦးဖြစ်လာမည့်သူ၏အိမ်ပင်။ ကျွန်တော်က နည်းပညာတက္ကသိုလ်မှ civil နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ဖြစ်သည်။ကျောင်းပိတ်ရက်အားလပ်ချိန်များတွင် တက္ကသိုလ်ဝင်တန်းများကို guide ပြပေးသည်။ ယခုလည်း ကျွန်တော် guide ပြပေးရမည့် အိမ်ကို ရှာနေမိခြင်းဖြစ်သည်။

တစ်ခါက ခံစားချက် အပိုင်းအစလေးများ( BL one shots collection)(U+Z)Where stories live. Discover now