နားထဲတွင် စူးဝါးသည့် နှိုးစက်နာရီအသံကြောင့် အိပ်မှုန်စုံဝါးဖြင့် ဖရူလ်ရီသည် ခေါင်းအုံးနားရှိ နှိုးစက်နာရီကို စမ်းတဝါးဝါးရှာကာ ပိတ်ချလိုက်သည်။ နှိုးစက်နာရီအော်မြည်ချိန််သည် မနက် ၆နာရီဖြစ်သည်။ နံရံ၌တပ်ဆင်ထားသည့် မှန်ပြူတင်းပေါက်အမည်းကြောင့် အပြင်မှာ နေထွက်ပြီလားလည်း ဖရူလ်ရီမသိရ။ ဘော်ဒါတစ်ဆောင်လုံး ကျောင်းပိတ်ရက်မို့ အိပ်မောကျနေကြဟန်ပေါ်သည်။ ပျင်းရိစွာဖြင့် စောင်ပုံထဲတိုးဝင်မိသည့်နောက် ဖရူလ်ရီ့အတွေးများသည် တစ်စဆီ စုတ်ဖြဲထားသော စာရွက်အပိုင်းအစများလို လေယူရာ ဟိုဒီလွင့်လျက်။
ဒီနှစ်နွေရာသီ ကျောင်းပိတ်ရက်မှ ပြန်လာခဲ့ပြီးချိန်သည်၂ လကျော်ကြာမြင့်ခဲ့ပြီ။ အမေ့အိမ်မှ ပြန်လာပြီးချိန်မှစ၍ ဖရူလ်ရီသည် နောက်တစ်ဖန်ကျောင်းပြန်ပိတ်ချိန်ကို မျှော်လင့်တကြီး စောင့်စားကာလက်ချိုးရေတွက်သည်။ ဒီနှစ်တွင် ဖရူလ်ရီ စီနီယာအလယ်တန်းရောက်ခဲ့ပြီဖြစ်သည်။ အသက်လည်း ၁၅နှစ် ဝင်လုပြီ။ မစ္စတာဂျော်ဒန်နှင့် ဖရူလ်ရီတို့ကြား လျှို့ဝှက်ကစားပွဲမှာ အချိန် နှစ်နှစ်နီးပါးမျှ ခရီးပေါက်ခဲ့ပြီ။ အံ့ဩတုန်လှုပ်ခြင်းမရှိစွာပင် မစ္စတာဂျော်ဒန်ကို ပိုမိုတွယ်ကပ်လာခဲ့သူမှာ ဖရူလ်ရီသာဖြစ်ခဲ့ပြီ။
နှစ်ဦးသားရှိချိန် ပိုမိုကြင်နာဂရုစိုက်သည့် မစ္စတာဂျော်ဒန့်အပြုအမှုများထံတွင် ဖရူလ်ရီသည် မက်ခွက်ထဲရှိ ကော်ဖီမှုန့်များပမာပင်။ ရေနွေးဆူဆူလောင်းချခံရသည်နှင့် တစ်ပြိုင်နက် အလွယ်တကူပျော်ဝင်ပစ်ခဲ့သည်။ ဖရူလ်ရီကြိုမသိနိုင်သည့် ထူးဆန်းဖွယ်ရာ လျှို့ဝှက်ချက်အသစ်များကို အတူရှိချိန်တိုင်း မစ္စတာဂျော်ဒန်က သင်ပြပေးခဲ့သည်။ ဖရူလ်သည်လည်း စိတ်လှုပ်ရှားစွာစောင့်မျှော်နေတတ်ခဲ့သည်။ ဖရူလ်ရီသည် ပျော့ညွှတ်တိမ်းလွယ်ခဲ့သည်။ အဆုံးတွင် အားအင်ပျော့သည့် လေပြေရူးလေးသရုပ်မှန်ခဲ့ပြီ။
ဖရူလ်ရီ့အဖို့ အချိန်သည် ပဉ္စလက်ဆန်သည်၊ မှော်စွမ်းအင်ရှိသည်၊တစ်စုံတစ်ခုကို ပြောင်းလဲပစ်နိုင်သည်။ ဒါကို ဖရူလ်ရီ သတိထားမိသည့်အခိုက်မှာ အတော်အသင့်ပင်နောက်ကျနေခဲ့ပြီ။
أنت تقرأ
မှောင်ရိပ်လွှမ်းနေ လေရူးလေပြေ