Jhopeအိပ်ယာနိုးတော့ဘေးမှာအိပ်နေတဲ့Shinheeကြောင့်လန့်သွားသည်။သူတို့ရောက်နေတာအခန်းတစ်ခု......Shinheeကအဝတ်မပါ။သူကိုယ်တိုင်လဲအဝတ်မရှိ....
"ဟာကွာ....သေလိုက်ပါတော့"
Jhopeစိတ်ပျက်စွာပြောရင်းခေါင်းကုတ်နေသည်။အိပ်နေတဲ့Shinheeကချစ်စရာအတိ......သူ့အတွက်တော့မဟုတ်ခဲ့
"Lee Shinheeထစမ်း"
Jhopeအော်နိုးတော့အူကြောင်ကြောင်လေးထလာသည်။သူ့ကိုတွေ့တော့ပြုံးသွားသည်။
"ဘယ်လိုလုပ်မလဲ။အခုလိုတွေဖြစ်ကုန်တာ.....မင်းကွာ"
"Oppaကလည်းဘာလို့ဆူနေတာလဲ"
"ဆူရမှာပေါ့.....မင်းလုပ်တာမလားဒီလိုတွေဖြစ်အောင်လုပ်တာ"
"ဟုတ်တယ်။ဒါပေမယ့်ချစ်လို့မှားမိတာပါ"
"ထားတော့ကွာ......ငါတာဝန်မယူနိုင်ဘူး"
Jhopeပြတ်ပြတ်သားသားပြောရင်းကုတင်ပေါ်ကဆင်းဖို့ပြင်လိုက်သည်။သို့ပေမယ့်Shinheeကသူ့လက်ကိုလှမ်းကိုင်ကာ
"Oppaရယ်.....ခွင့်လွှတ်ပေးပါ။လက်ထပ်ပါရစေ......"
"ငါလက်မထပ်နိုင်ဘူး....ငါမှနင့်ကိုမချစ်တာ...ငါချစ်တာBabyကိုပဲ"
JhopeစကားကShinheeကိုနာကျင်စေသည်။Shinheeကတော့သူ့လက်ကိုမလွှတ်ပဲပိုတင်းတင်းကြပ်ကြပ်ကိုင်ထားဆဲ
"Yoongiကိုချစ်တာသိပေမယ့်.....လက်ထပ်ပါရစေ.....oppaလည်းစီးပွားရေးလောကမှာရပ်တည်နေတဲ့သူပဲ.....အရှက်ကွဲလိုက်မယ်"
Shinheeစကားကတောင်းဆိုတာထက်အကျပ်ကိုင်သလိုဖြစ်လာသည်။Jhopeကတော့သူ့စကားကိုမကျေနပ်မိတာအမှန်.....Shinheeဘက်ကတွေးကြည့်လည်းကိုယ်ဝန်ရသွားမှာအမှန်ပင်......အရှက်တွေကွဲကုန်မှာ.....မိန်းကလေးဘက်ကကြည့်ရင်....သူ့အနေနဲ့လည်းလက်မထပ်ရင်တာဝန်မသိတဲ့သူအဖြစ်စီးပွားရေးလောကမှာရပ်တည်ဖို့ခက်လာလိမ့်မယ်။Babyဘက်ကတွေးတော့လည်းသူမရှိတဲ့အချိန်ဖြစ်ချင်တိုင်းဖြစ်ပြီးလက်ထပ်သွားတဲ့ယောက်ကျားကိုစိတ်နာမှာပင်.......
"မင်းကွာ"
Jhopeသက်ပြင်းချရုံပြောရင်းShinheeဘက်ကိုလှည့်ကြည့်တော့Shinheeကသူ့ကိုရင်မဆိုင်ရဲပဲအကြည့်တို့ကိုလွှဲထားသည်။
YOU ARE READING
Dasha Owned(ဒဿပိုင်ဆိုင်ခဲ့သည်)🔞🔞(complete)
Romanceဒဿဖြစ်ပေမယ့်.......ရာဇဝင်ထဲကလိုမရှုံးစေရဘူး Park Jimin ဒဿကိုအရမ်းမုန်းတယ်.......အတ္တကြီးလွန်းတဲ့မင်းလည်းဒဿလိုပဲ......မုန်းဖို့ကောင်းတယ်။ Min Yoong...