18(final)

5.5K 312 30
                                    

Jhopeတစ်ယောက်ဂျပန်ကပြန်လာခဲ့သည်။ဝမ်းနည်းမိပေမယ့်စိတ်ထဲပေါ့ပါးအောင်နေလိုက်သည်။

"အကိုအမှားဆိုရင်.....အမှားကိုရင်ဆိုင်လိုက်အမShinheeကလည်းအကို့ကိုချစ်တာပဲ.....ကျနော်ဆိုလက်ထပ်လိုက်တယ်။သူကမတရားသိမ်းပိုက်တာ.......အကို့ကိုလည်းမသန့်ရှင်းတဲ့ခန္ဓာကိုယ်မပေးချင်ဘူး.......သူ့ကိုလက်ထပ်တဲ့အကြောင်းကရွဲ့ချင်လို့မဟုတ်ဘူး.......ခံစားချက်ရှိလာတယ်ထင်လို့
လက်ထပ်ပြီးတော့သံယောဇဥ်တွယ်မိတယ်။ချစ်လဲချစ်မိလာတယ်......အကိုလည်းချစ်လာနိုင်တာပဲ.....မချစ်နိုင်တော့မှကွာရှင်းလိုက်...ကျနော်လည်းအဲ့လိုတွေးပြီးလက်ထပ်တာ......ကျနော်သူ့ကိုပြောဖူးတယ်။ဒဿလိုပဲရှုံးမှာပဲလို့.......မထင်ထားဘူးသူ့အချစ်ကရာဇဝင်ကိုပြောင်းလဲလိုက်နိုင်တယ်။ကျနော်ဒဿကိုရွေးချယ်လိုက်ပြီ.....အကိုနားလည်ပေးပါ"

Yoongiပြောခဲ့တဲ့စကားတွေကYoongiပျော်နေတယ်ဆိုတာသိသာစေသည်။သူကိုယ်တိုင်လဲShinheeကိုလက်ထပ်ဖို့ပြန်လာခဲ့သည်။တစ်ခုတော့စိတ်မကောင်းဖြစ်တာပေါ့Hopeလို့ခေါ်ရာကအကိုတဲ့.....ဒါလည်းကောင်းပါတယ်။သူပြင်သားတာသိလိုက်ရတာပေါ့......အချစ်သစ်နဲ့ပျော်ပျော်နေပါ။

Jhopeအတွေးတို့ကြောင့်ပြုံးနေမိသည်။သူအခုချိန်လုပ်ရမှာဖုန်းဆက်တာ

"Hello Shinhee.....ဝတ်စုံသွားရွေးကြမယ်မနက်ဖြန်ကျရင်.....ကိုယ်ဒီနေ့ဂျပန်ကပြန်လာမယ်။"

"Oppaအခုဘယ်မှာလဲ"

"အိုဆာကာကလေယာဥ်ကွင်းမှာ"

"ဟုတ်.....ပြီးရောလာကြိုမယ်နော်Oppa"

"အင်း.....လှလှလေးဝတ်လာခဲ့"

"Oppaဂျပန်မှာဆေးများမှားသောက်တာလား....ထူးထူးဆန်းဆန်းဂရုစိုက်လို့"

"ကိုယ်နေကောင်းပါတယ်။ဆေးလည်းမမှားပါဘူး.....လက်ထပ်တာပေါ့....ချစ်လာနိုင်မချစ်လာနိုင်ကတော့Shinheeပေါ်မှာမူတည်တယ်နော်"

"ဟုတ်....ပျော်လိုက်တာOppaရယ်။ကြိုးစားပါမယ်။Oppaချစ်လာအောင်...အီးဟီး"

Jhopeသိလိုက်ပါပြီ။ဒီကောင်မလေးငိုနေမယ်ဆိုတာ.....

"Bye"

Dasha Owned(ဒဿပိုင်ဆိုင်ခဲ့သည်)🔞🔞(complete)Where stories live. Discover now