L A (4)

7K 1.1K 82
                                    

" ဟင်းးးးး "

မနေ့ကဆိုသော နေ့ရက်ပေါင်းများစွာနှင့် တဒင်္ဂတောင်မျှ ခြားနားခြင်းအလျှင်းမရှိသည့် နေ့ရက်တစ်ရက်။

ဒီလိုဘဝ၊ ဒီလို နေရာ၊ ဒီလိုနေ့ရက်များတွင်သာ နေ့စဥ်ရက်တိုင်း ကျင်လည်နေထိုင်နေခဲ့ရရင်းနှင့် အထီးကျန်ဆန်လှတဲ့ ရဲတိုက်ကြီး၏အတွင်း၌ အစီအမံအထပ်ထပ်ဖြင့် ပိတ်လှောင်ထားခြင်းအား ခံယူနေခဲ့ရပါသော သူ။

ဒါ့အပြင် ယနေ့မှာလည်း အရင်နေ့ရက်တွေကအတိုင်း သူသိပ်ကိုပျင်းရိနေမိပြန်ပါသည်။သူ့ရဲ့စိတ်လိုအင်ဆန္ဒနှင့် ဖန်တီးယူထားခဲ့ပါသော သာယာနာပျောစဖွယ်ဂီသသံများဖြစ်သည့် မိုးခြိမ်းသံများဟာ သူ့အား အခုအချိန်၌ ဖျော်ဖြေပေးနိုင်စွမ်းမရှိပေ။

" ဂျိန်း! " (မိုးခြိမ်းသံ)

ဒီနေ့အတွက်ကတော့ ပျင်းရိခြင်းဆိုတဲ့ သူ့ရဲ့လူပ်ရှားမှုတွေကို လေးပင်နေစေသော ခံစားချက်အား ပြေပျောက်သွားစေရန်အတွက်အကောင်းဆုံးနည်းလမ်းမှာ ခနတာ အိပ်စက်ခြင်းသာ။ ဒါကြောင့် သူလည်းမြင်မကောင်းလောက်အောင် ပဲ့ကြွေကျနေခဲ့တဲ့ ရဲတိုက်၏ နံရံကိုသာ ကျောမှီလိုက်မိကာဖြင့် ဒူးတစ်ဖက်ထောင်ပြီးခြေတစ်ဖက်ဆင်းအနေအထားနဲ့သာ ခေါင်းကိုငုံ့ချထားရင်း အပျင်းပြေသွားအောင် အိပ်စက်ဖို့ ကြိုးစားလိုက်မိသည်။

" ဂျစ်! "

" ဂျစ်! "

အိပ်စက်ရန်ကြိုးစားနေခဲ့မိချိန်မှာ တစ်ချက်တစ်ချက်ထွက်ပေါ်လာခဲ့တဲ့ တစ်ဂျစ်ဂျစ်မြည်
သံများအား သူနားစွင့်လိုက်မိပေမယ့်လည်း တစ်ခါတစ်လေဆိုလျှင် အလည်လွန်ငှက်ငယ်လေးများက သူ့ရဲ့ရဲတိုက်သို့ လာရောက်နားခိုတတ်တာကြောင့် ဒီလိုအသံပလံမျိုးက ကြားလေ့ရှိတဲ့အသံမျိုးဖြစ်သည်။

သူတောင်မှ လာရောက်နားခိုသည့် ငှက်ငယ်လေးများအား တစ်ကြိမ်၊နှစ်ကြိမ်မျှလောက်  ဖမ်းယူစားသောက်ကြည့်မိသေး၏။ ဒါပေမယ့် အရသာကိုတော့ သူသိပ်သဘောမတွေ့လှပေဘူး။ ထို့ကြောင့် သူထပ်မဖမ်းမိတော့။

Love Affair(Jikook)Where stories live. Discover now